
၁၀. ၂. ၂၀၂၅
Written by Nay Moe
ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကိုသိမ်းဖို့အတွက် တိုက်ပွဲဆင်နွှဲနေတဲ့ KIA/KPDF တပ်မဟာ (၉) က PDF ၃၀ ဒရုန်းထိပြီး သေဆုံးသွားတယ်လို့ PDF ထောက်ပို့တွေနဲ့ NUG ၊ PDF ၊ KIA ထောက်ခံသူတွေက ရေးသားဖော်ပြနေပါတယ်။
ဒီအထဲမှာ NUG ၊ PDF ၊ KIA ထောက်ခံသူဖြစ်သလို သရုပ်ဆောင်ဟောင်းလည်းဖြစ်တဲ့ ဟန်နီထွန်းနဲ့ PDF ထောက်ပို့ Kay Kay အကောင့်တွေက “ဗန်းမော် PDF တပ်မဟာ ၉ drone ထိပြီး ၃၅ ယောက်မှာ ၅ ယောက်ပဲ အသက်ရှင်ပါတယ် ဒီမြေပြင်သတင်းဟာ အကယ်ဒမီသတင်းတွေနဲ့ဖုံးသွားလို့ ကမကလတွေဖသမ တွေ ကိုယ့်နိုင်ငံအခြေအနေသိကြနော် မသိရင် လူမဟုတ်ဖူးဟေ့”လို့ ကိုယ်စီမျှဝေခဲ့ကြပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး PDF တွေ PDF ထောက်ပို့တွေ NUG ၊ PDF ၊ KIA ထောက်ခံသူတွေက မျှဝေ ဝမ်းနည်းနေကြသလို တကယ်ဟုတ်ခဲ့ရင်တောင် PDF တွေ စိတ်ဓာတ်ကျကုန်မှာစိုးလို့ မရေးသားဖို့လည်း တားမြစ်နေကြပါတယ်။
တပ်မတော် ထောက်ခံသူတွေရဲ့ Telegram တွေမှာတော့ မနေ့ကနဲ့ ဒီနေ့ တင်ထားတဲ့ ဒရုန်းနဲ့ ချေမှုန်းမှုရုပ်သံတွေမှာ ဗန်းမော်လာသိမ်းဖို့တိုက်နေတဲ့ PDF ၃၀ နဲ့ ၅၀ ကြား သေဆုံးနိုင်ဖွယ်ရှိတဲ့ ရုပ်သံတွေ MT News က တွေ့ရှိရပြီး ကနဦးတွေ့ရှိရမှု တင်ဆက်ပေးလိုက်ပါတယ်။
