၁၈.၁.၂၀၂၅
Written By Thandar
Brave Empire Production က “တိမ်ပန်းချီ” ရုပ်ရှင်ဇာတ်ကားကြီးအောင်မြင်မှုအတွက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ကျပ် ၁၀ သိန်းအလှူနဲ့ Crew အဖွဲ့သားတွေကို မေတ္တာမုန့်ဖိုးတွေ ယနေ့ ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းက ပေးအပ်ခဲ့ပါတယ်။






“တိမ်ပန်းချီဇာတ်ကားကြီး အောင်မြင်တော့ ဝမ်းသာမဆုံးပါဘဲ။ ဇာတ်ကားတစ်ခုအောင်မြင်ဖို့ အဖက်ဖက်က ပါဝင်ကူညီခဲ့ကြတဲ့သူတွေ အားလုံးကိုလည်း Brave Empire Entertainment & Production က ပြန်လည်မေတ္တာမုန့်ဖိုးတွေ ပေးအပ်ခဲ့တာပါ။ အကုန်လုံးကို အသိမှတ်ပြု ဂုဏ်ပြုပေးတာ။ အရမ်းကျေးဇူးတင်ပါတယ်။ နောင်လည်း ဒီလိုမျိုး Quality နဲ့ စေတနာအပြည့်ရှိတဲ့ ဇာတ်ကားတွေ အတူတူထပ်ဖန်တီးချင်ပါတယ်။ တိမ်ပန်းချီအောင်မြင်မှုအတွက် အသိအမှတ်ပြုပြီး Lucky Money ပေးတာ ကျေးဇူးတင်ပါတယ်”လို့ Crew အဖွဲ့သားဝင်တစ်ဦးက MT Entertainment ကိုပြောပါတယ်။
အဆိုပါ လှူဒါန်းမှုမှာတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ကျပ် ၁၀ သိန်း၊ ရိုက်ကူးရေးအပိုင်းမှာ အားသွန်ခွန်စိုက်ပါဝင်ကြတဲ့ Crew အဖွဲ့သား ၃၅ ယောက်ကို မေတ္တာမုန့်ဖိုးတွေ ပေးအပ်ခဲ့ပါတယ်။ ဒါ့ပြင် ဒါရိုက်တာနဲ့ Head ၁၀ ယောက် တို့ကို မေတ္တာမုန့်ဖိုးတွေ ပေးအပ်ခဲ့ကြပါတယ်။


“တိမ်ပန်းချီ” ဟဲဗီးဒရာမာဇာတ်ကားကြီးကို ၀တ္ထု ဟမ်စိုင်း(ဆေး-မန်း)၊ ဇာတ်ညွှန်း အေးသီရိကိုတို့က ရေးသားထားပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်၊ အကယ်ဒမီဝတ်မှုန်ရွှေရည်၊ အေးချမ်းမောင်၊ နေမျိုးအောင်၊ စည်ဖြိုး၊ ညီနန္ဒ၊ အကယ်ဒမီ မယ်လိုဒီ၊ နှင်းယုနဲ့ အနုပညာရှင်များစွာက အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားကြပါတယ်။
“တိမ်ပန်းချီ” ရုပ်ရှင်ဇာတ်ကားကြီးက ရုံတင်ပြသချိန်မှာ ၅ ပတ်မြောက်အထိ ရုံတင်ပြသခွင့် စံချိန်ချိုးခဲ့တာလည်းဖြစ်ပါတယ်။
