လူသတ်မှုနှင့် ဗုံးခွဲမှုကျုးလွန်ခဲ့သူ ကောင်းခန့်ကျော်အပါအဝင် ၂၉ ဦးကို ဖမ်းဆီးမိခဲ့စဉ်

၁၂. ၁. ၂၀၂၃
Written by Nay Moe

ဧရာ၀တီတိုင်းဒေသကြီးတွင် လူသတ်မှုနှင့် ဗုံးခွဲမှုကျုးလွန်သဖြင့် ဖမ်းဆီးထားသူ ၂၉ ဦးအနက် CDM ကျောင်းဆရာဖြစ်သော်လည်း လူတစ်ဦးကို သတ်ပြီး ​ကျောင်းကို ဗုံးခွဲခဲ့သူ ကိုကောင်းခန့်ကျော်အား သေဒဏ်ချမှတ်ခဲ့ကြောင်း သိရသည်။

သေဒဏ်ချမှတ်ခံရသူ ကောင်းခန့်ကျော်အပါအဝင် ၂၉ ဦးကို ၂၀၂၁ ခုနှစ် အောက်တိုဘာ ၄ ရက်တွင် ပူးပေါင်းကြံစည်သူ ဟင်္သာတမြို့၊ တာလေးရပ်ကွက်၊ လင်းလွန်းပင်(၂)လမ်းနေ အိသက်ပိုင်(၃၁)နှစ်ကို စတင်ဖမ်းမိရာမှ ဖမ်းဆီးရမိသူများ၏ ဆင့်ကဲဖော်ထုတ်ချက်အရ တရားခံ ၂၉ ဦးကို ဖမ်းမိခဲ့သည်။

ထိုသို့ ဖမ်းမိသူ ၂၁ ဦးအနက် ၂၀၂၁ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် မြန်အောင်မြို့နယ်၊ သပြေကုန်းကျေးရွာနေ အပြစ်မဲ့ပြည်သူ ဦးဝင်းညွန့်အောင် (၃၆)နှစ်အား ကောင်းခန့်ကျော်က ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး အောက်တိုဘာ ၄ ရက်တွင် ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှေ့နှင့် အထက(၁)ကျောင်းဘေးတို့တွင် လက်လုပ်ဗုံး ၃ လုံးအား ဖောက်ခွဲခဲ့သည့် ပြစ်မှုကျူးလွန်ခဲ့ကြောင်း ၂၀၂၁ ခုနှစ် အောက်တိုဘာ ၂၆ ရက်တွင် တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖမ်းဆီးခံရသူ ၂၉ ဦးတွင် အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၈ ဦးဖမ်းမိခဲ့ခြင်းဖြစ်သည့်အပြင် MK-12 ၁၁ လက်၊ M-22 ၈ လက်၊ M-16 ၃ လက်၊ ပစ္စတို ၁ လက်၊ လက်လုပ်သေနတ်၂ လက်၊ ကျည်မျိုးစုံ ၂,၁၀၃ တောင့်၊ နင်းမိုင်းအသေး ၃ လုံး၊ နင်းမိုင်းအကြီး(ယမ်းမပါ) ၁ လုံး၊ ရှေ့ထွက်မိုင်း ၂ လုံး၊ လက်လုပ်မိုင်း ၁ လုံး၊ ကျည်အိမ်မျိုးစုံ ၄၃ ခု၊ MK-12 လက်ကိုင် ၃ ခု၊ MK-12 ပြောင်း(အပို) ၁၁ ချောင်း၊ ဆက်စပ်ပစ္စည်းမျိုးစုံ ၂၇ ခုတို့အား သိမ်းဆည်း ရမိခဲ့သည်။

ထို ၂၉ ဦးအနက် လူသတ်မှုနှင့် ဗုံးခွဲမှုများ ကျုးလွန်ခဲ့သူ CDM ကျောင်းဆရာ ကောင်းခန့်ကျော်သည် မြဝတီမြို့နယ်၊ လေးကေ့ကော်အနီး KNLA တပ်မဟာ(၆)တွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့သူလည်းဖြစ်ပြီး ၎င်းသည် လူသ တ်မှုနှင့် ဗုံးခွဲမှုနှစ်ကြိမ်ကို ကျုးလွန်သူလည်းဖြစ်သောကြောင့် ဖမ်းဆီးခံရသူ ၂၉ ဦးအနက် ကောင်းခန့်ကျော် တစ်ဦးသာ ၂၀၂၂ ခုနှစ်ဒီဇင်ဘာ ၃၁ ရက်တွင် သေဒဏ်ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် လူသတ်မှု၊ ဗုံးခွဲမှုတို့ဖြင့် သေဒဏ်ကျခံနေရသူကောင်းခန့်ကျော်အား အပြစ်မဲ့စီရင်ခံရသည်ဟု သတင်းထုတ်ပြန်မှုများရှိနေပြီး အဆိုပါ သတင်းများအပေါ် “သူက မတရားပြစ်ဒဏ်ချခံရတာမဟုတ်ဘူး။ ဖမ်းထားသူ ၂၉ ဦးကို စစ်ချက်အရ လူသတ်တာနဲ့ ဗုံးခွဲတာသူလုပ်ခဲ့လို့ သူကျုးလွန်တဲ့ပြစ်မှုအရ သေဒဏ်ကျခံရတာ”ဟု တာဝန်ရှိသူတစ်ဦးက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *