ပြင်သစ်နိုင်ငံထုတ် AMX-10 RC တင့်ကားများကို တွေ့ရစဉ်

MT News

Translated by Htwe Ko Tun

ပြင်သစ်သမ္မတ အီမာနျူရယ် မက်ခရွန်နှင့် ယူကရိန်းသမ္မတ ဇာလန်စကီးတို့ တရားဝင်ပြောဆိုမှုများအပြီး ပြင်သစ်က ယူကရိန်းသို့ တင့်ကားများပေးပို့မည်ဟု မက်ခရွန်က ဇန်နဝါရီ ၄ ရက်တွင် ကတိပြုခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်စကီးက ရုရှားကိုတိုက်ခိုက်ရန် နေတိုးအုပ်စုနိုင်ငံများအား ယူကရိန်းသို့ တင့်ကားများပေးပို့ရန်တောင်းဆိုခဲ့ပြီးနောက် ပြင်သစ်က အနောက်အုပ်စုနိုင်ငံများအကြားတွင် ယူကရိန်းသို့ ပထမဆုံး တင့်ကားပေးပို့သောနိုင်ငံဖြစ်လာမည်ဖြစ်သည်။

ပြင်သစ်အစိုးရက ပြင်သစ်နိုင်ငံထုတ် AMX-10 RC တင့်ကားများကို ယူကရိန်းသို့ ပေးပို့သွားမည်ဟုလည်း သိရသည်။ ထိုတင့်ကားများကို ပြင်သစ်စစ်တပ်တွင် ၁၉၈၀ ပြည့်လွန်နှစ်များမှစ၍အသုံးပြုခဲ့ပြီး ယခုအခါတွင် အသုံးပြုမှု စတင်ပယ်ဖျက်နေပြီဖြစ်သည်။

ပြင်သစ်အစိုးရအနေဖြင့် ယူကရိန်းသို့ အဆင့်အမြင့်ဆုံးလက်နက်ကြီးများ၊ စစ်သည်တင်သံချပ်ကာကားများ၊ လေယာဉ်ပစ်ဒုံးကျည်များနှင့် လေကြောင်းကာကွယ်ရေးစနစ်များလည်း ပေးပို့ခဲ့သေးသည်။ သို့သော် ၎င်းက ရုရှားကို ရန်မူရာပြုသကဲ့သို့ မဖြစ်စေရန်နှင့် ရုရှားသမ္မတ ပူတင်နှင့် သံတမန်ရေးဆက်ဆံမှုကို ပြတ်တောက်သကဲ့သို့ မဖြစ်စေရန် အထူးသတိထားခဲ့သည်။

ပြင်သစ်အစိုးရအနေဖြင့် တင့်ကားအရေအတွက် မည်မျှအမြန်အဆန်ပေးပို့သွားမည်၊ မည်သည့်အချိန်တွင်ပေးပို့မည်ဆိုသည်တို့ကို မက်ခရွန်က ရှင်းရှင်းလင်းလင်းမပြောကြားသေးပေ။ သို့သော် လေ့ကျင့်ရေးနှင့်ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းများအတွက် သဘောတူထားသည်ဟုဆိုသည်။

ဖျက်သိမ်းရန်စီစဥ်ပြီးမှ ယူကရိန်းကို ထောက်ပံ့သည့် AMX-10 RC တင့်ကားများသည့် ထောက်လှမ်းရေးလုပ်ငန်းများအတွက် ပုံစံထုတ် တည်ဆောက်ထားခြင်းဟုသိရသည်။

Ref—-CNA

Leave a Reply

Your email address will not be published. Required fields are marked *