ဖမ်းမိသည့် ပွဲစားငါးဦး တွေ့ရစဥ် (ဓာတ်ပုံ-ရခိုင်နေ့စဥ်)

၄. ၁. ၂၀၂၃
Written By Myo Khine

ဇန်နဝါရီလ ၂ ရက် ည ၉ နာရီခန့်အချိန်က ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာအနီး တောစပ်တွင် ဘင်္ဂါလီ အမျိုးသား ၁၁ ဦးကို ဖမ်းမိပြီးနောက် ဘင်္ဂါလီတစ်ဦးထပ်မံဖမ်းမိခဲ့သလို ကုန်ကူးသူ ပွဲစား ၅ ဦးကိုပါ ထပ်မံ ဖမ်းဆီးခဲ့ပြီး ထိုပွဲစားများကို ထောင်ဒဏ် ၁၀ နှစ်အထိကျခံရနိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့က သိရသည်။

“ဇန်နဝါရီ ၃ ရက် မနက်ပိုင်းမှာ ဗေဒါစစ်ဆေးရေးဂိတ်ဟောင်းမှာ ဘင်္ဂါလီ ၁ ယောက်မိတယ်။ အဲဒီတစ်ယောက်က ဟိုနေ့ကမိတဲ့ ၁၁ ယောက်နဲ့ တူတူပါလာတာ။ ပြီးတော့ သူတို့ကို ကယ်ရီလုပ်တဲ့ သူ ၅ ယောက်ကို ဒေါင့်ချောင်းကျေးရွာအုပ်စုနားက (၁၀)မိုင် နားမှာ မိတယ်။ ပို့ပေးသူတွေကတော့ ကျွန်ပြုခံစေရန် လူခိုးမှု ရာဇသတ်ကြီး ပုဒ်မ နဲ့ အမှုဖွင့်ခံရမှာပါ”ဟု အဆိုပါ အစိုးရအဖွဲ့ တာဝန်ရှိသူကပြောသည်။

ဘင်္ဂါလီများကို ဆိုင်ကယ်ဖြင့် လိုက်ပါပို့ဆောင်သူမှာ အသက် ၄၂ နှစ်အရွယ် ကိုထွန်းနေကျော် ဖြစ်ပြီး ယင်းနှင့်အတူ အပေါင်းပါ ၅ ဦးကို ဂွမြို့နယ် ဒေါင့်ချောင်းကျေးရွာအုပ်စုအနီး ဒေသအခေါ် (၁၀)မိုင်၌ ဆိုင်ကယ်များနှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိ ဘင်္ဂါလီများကို လဝကအက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူကာ ပို့ဆောင်သူများကို ရာဇသတ်ကြီးပုဒ်မ-၃၆၇ ဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ကာ ရာဇသတ်ကြီးပုဒ်မ-၃၆၇ မှာ ထောင်ဒဏ် ၁၀ နှစ်ထိ ချမှတ်ခံရနိုင်သည့်အပြင် ငွေဒဏ်လည်း ချမှတ်ခံရနိုင်ကြောင်း သိရသည်။

ဇန်နဝါရီလ ၂ ရက်က ဖမ်းမိသော ဘင်္ဂါလီ ၁၁ ဦးနှင့် ဇန်နဝါရီလ ၃ ရက် ဖမ်းမိသော ဘင်္ဂါလီတို့မှာ ရခိုင်ပြည်နယ် မင်းပြားမြို့နယ်အတွင်းမှ ဖြစ်ပြီး ပွဲစားဆိုသူများက ၎င်းတို့နေထိုင်ရာ ကျေးရွာများသို့ ရောက်ရှိလာကာ မလေးရှားနိုင်ငံသို့ သွားရောက်အလုပ်လုပ်လိုပါက တစ်ဦးလျှင် ရန်ကုန်အထိ ၄၅ သိန်းကျပ်၊ ရန်ကုန်မှ မလေးရှားနိုင်ငံထိ ၄၅ သိန်းကျပ်၊ စုစုပေါင်း ငွေကျပ်သိန်း ၉၀ ဖြင့် ပို့ဆောင်ပေးမည် ဟူသည့် သဘောတူမှု ရယူကာ လိုက်လာခဲ့ကြသူများ ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News