၄. ၁ .၂၀၂၃
Written by Hey Mar

မွန်ပြည်နယ်၊ ဘီးလင်းမြို့တွင် ငွေကျပ် ၅ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၀ ကီလိုကို ဒီဇင်ဘာလ ၃၀ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သောပူးပေါင်းအဖွဲ့သည် ဒီဇင်ဘာ ၃၀ နံနက် ၈ နာရီအချိန် မွန်ပြည်နယ်၊ ဘီးလင်းမြို့အဝင် စစ်ဆေးရေးဂိတ်၌ ကျိုက်ထိုဘက်မှ သထုံဘက်သို့ လှထွန်း(ခ) အုန်းမြင့် မောင်းနှင်ပြီး စိုင်းလွင်ဦး လိုက်ပါလာသည့် DYNA ၆ ဘီးယာဉ်ကို သတင်းအရရှာဖွေရာ ယာဉ်ပေါ်မှ ငွေကျပ် ၅ ဘီလျံတန်ဖိုးရှိ စိတ်ပြောင်းဆေးဝါး အိုက်စ်(မက်သ်အဖက်တမင်း) ၂၀၀ ကီလို သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။

ဆက်စပ် စစ်ဆေး ဖော်ထုတ်ချက်များအရ သိမ်းဆည်းရမိ အိုက်စ်(မက်သ်အဖက်တမင်း)များအား ရှမ်းပြည်နယ်(တောင်ပိုင်း)မှ ကရင်ပြည်နယ်သို့ သယ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် ၎င်းတို့အား ဥပဒေအရအရေးယူထားရှိပြီး ကွင်းဆက် ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *