MT News

Written by Nay Aung

၂၀၂၂ခုနှစ် တစ်နှစ်ပတ်လုံး မာရသွန်ပြိုင်ပွဲတွေကို ယှဉ်ပြိုင်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ လူတစ်ဦးဟာ သူရဲ့နောက်ဆုံးမာရသွန်အပြေးပြိုင်ပွဲကို ယှဉ်ပြိုင်ပြီးချိန်မှာ ရယူဖို့ပစ်မှတ်ထားတဲ့ ပေါင် ၁ သန်းကို ရယူနိုင်ခဲ့ပေမယ့် အဲဒီဆုကြေးငွေများကိုကိုယ်ကျိုးအတွက် မသုံးစွဲဘဲ ဘိုးဘွားရိပ်သာကို ကူညီလှူဒါန်းခဲ့ပါတယ်။

အင်္ဂလန်နိုင်ငံ အနောက်မြောက်ပိုင်း Cumbria ကောင်တီ Cleator Moor အရပ်မှာနေထိုင်တဲ့ ဂယ်ရီမက်ကီးဟာ သူရရှိခဲ့တဲ့ ဆုကြေးငွေပေါင် ၁ သန်းကို Macmillan Cancer Support နဲ့ West Cumbria ဘိုးဘွားရိပ်သာတွေကို ခွဲဝေလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ကလေးသုံးယောက်အဖေဖြစ်တဲ့ မက်ကီးဟာ အလုပ်လက်မဲ့တစ်ဦးမဟုတ်ဘဲ အချိန်ပြည့်အလုပ်လုပ်နေသူတစ်ဦးဖြစ်ပေမယ့် ဘိုးဘွားရိပ်သာတွေကို ကူညီလှူဒါန်းလိုတဲ့အတွက် အခုလိုမျိုးရက်ပေါင်း ၃၆၅ ရက် ဆက်တိုက် မာရသွန်အပြေးပြိုင်ပွဲဝင်ခဲ့တာလည်းဖြစ်ပါတယ်။

မက်ကီးဟာ Sellafield နျူကလီးယားအဆောက်အဦမှာ အလုပ်မဝင်ခင် မိုင်ပေါင်း ၂၆ ဒသမ ၂ မိုင်အကွာအဝေးကို မကြာခဏ ပြေးနေခဲ့သူလည်းဖြစ်ပါတယ်။ မက်ကီးဟာ မာရသွန်ပြိုင်ပွဲရဲ့နောက်ဆုံးပန်းဝင်ကြိုးကို ဖြတ်သန်းပြီးနောက် အလွန်ကောင်းမွန်တဲ့ ဧည့်ခံမှုကိုကျေးဇူးတင်ကြောင်း ဆိုခဲ့ပါတယ်။

မက်ကီးက သူအနေနဲ့ ပရဟိတအဖွဲ့စည်းတွေကို ကူညီပေးနိုင်ဖို့ ရည်မှန်းထားတဲ့ ပေါင် ၁ သန်းရယူနိုင်ခဲ့ကြောင်းထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ မက်ကီးဟာအဆိုပါ ရက်ပေါင်း ၃၆၅ ရက်ကြာ မာရသွန်အပြေးပြိုင်ပွဲယှဉ်ပြိုင်ဖို့ လေ့ကျင့်ရေးထရိန်နာပေါင်း ၂၀ ကျော်နဲ့ လက်တွဲလုပ်ကိုင်ခဲ့ရသလို နောက်ဆုံးပန်းဝင်ကြိုးကိုဖြတ်ပြီးချိန်မှာ မက်ကီးဟာ သူရဲ့ရက်ပေါင်း ၃၆၅ ရက်ကြာ ပြိုင်ပွဲဝင်ခဲ့တဲ့ မာရသွန်ပြိုင်ပွဲတွေမှာ မိုင်ပေါင်း ၉၅၀၀ကျော်ကို ဖြတ်သန်းပြေးနိုင်ခဲ့ကြောင်းသိရပါတယ်။

“မာရသွန်ပြိုင်ပွဲ ဝင်ချိန်မှာအခက်ခဲတွေရှိခဲ့တယ်။ အချို့လမ်းတွေက တစ်ပြေးညီဖြစ်နေတယ်။ တစ်ခါတစ်ရံ မိုးရွာတာမျိုးတွေလည်းရှိနေခဲ့တယ်။ ကျွန်တော်အပြေးပြိုင်ပွဲဝင်ချိန်မှာ လူတိုင်းက အော်ဟစ်အားပေးတာ၊ချီးကျူးတာမျိုးတွေရှိနေခဲ့တယ်။ အားပေးတဲ့ပရိသတ်တိုင်းကို တွေ့ခဲ့ရတာက ပျော်ရွင်ခဲ့ရတယ်။ ဒါဟာ ကျွန်တော်အမြဲတမ်း အမှတ်ရနေမှာဖြစ်တယ်” လို့ မက်ကီးက ပြောပါတယ်။

ref, bbc

Leave a Reply

Your email address will not be published. Required fields are marked *