၃. ၁. ၂၀၂၃
Written by Pan Ei

တောင်ကိုရီးယား အမျိုးသမီးအဆိုရှင်အဖွဲ့ဖြစ်တဲ့ Blackpink ရဲ့ အဖွဲ့ဝင် Jisoo ဟာ ပွဲဦးထွက်ပြီး ၆ နှစ်အကြာမှာတော့ သူမရဲ့ တစ်ကိုယ်တော် ပွဲဦးထွက်အယ်လ်ဘမ်ကို ၂၀၂၃ ခုနှစ်အတွင်းမှာ ထွက်ရှိဖို့ ပြင်ဆင်နေတယ်လို့ YG အင်တာတိန်းမန့်က အတည်ပြု ပြောကြားခဲ့ပါတယ်။

YG အင်တာတိန်းမန့်က အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး “Blackpink အဖွဲ့ဝင် Jisoo က မနှစ်က ကမ္ဘာလှည့် ဖျော်ဖြေရေးခရီးစဉ်တွေကြောင့် အလုပ်ရှုပ်နေခဲ့ပေမယ့် ပရိသတ်တွေနဲ့ ကတိပေးထားတဲ့အတိုင်း သူမရဲ့ တစ်ကိုယ်တော် အယ်လ်ဘမ် ထွက်နိုင်ဖို့ လုပ်ဆောင်နေခဲ့ပါတယ်။ အယ်လ်ဘမ်သစ်အတွက် ရိုက်ကူးရေးတွေကလည်း ပြီးလုနီးပါး ဖြစ်နေပြီမို့ ပရိသတ်တွေကို သတင်းကောင်းနဲ့ နှုတ်ဆက်နိုင်တော့မှာပါ”လို့ ဆိုပါတယ်။

Blackpink အဖွဲ့ဝင်တွေ ဖြစ်ကြတဲ့ Jennie၊ Rosé နဲ့ Lisa တို့ပြီးတဲ့နောက်မှာ Jisoo ဟာ တစ်ကိုယ်တော်ပွဲဦးထွက် အယ်လ်ဘမ် ထွက်ရှိလာမယ့် နောက်ဆုံးအဖွဲ့ဝင်ဖြစ်လာတော့မှာပဲ ဖြစ်ပါတယ်။

ဒီနေ့ (ဒီဇင်ဘာ ၃ရက်)မှာ ၂၈ နှစ်ပြည့်ခဲ့ပြီဖြစ်တဲ့ Jisoo ဟာ မွေးနေ့အမှတ်တရအနေနဲ့ “Happy Jisoo 103%” အမည်ရှိတဲ့ ယူကျူ့ ချန်နယ် တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး အဆိုပါ ချန်နယ်မှ ရရှိလာမယ့် အကျိုးအမြတ် ငွေကြေးအားလုံးကို လိုအပ်တဲ့နေရာတွေကို လှူဒါန်းသွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Ref; Soompi

Leave a Reply

Your email address will not be published. Required fields are marked *

Related News