Photo - Dhamma Metta

၃.၁. ၂၀၂၃
Written by Nay Moe

သံဃသမဂ္ဂ( မန္တလေး)မှ ဦးအာစာရ( သပိတ်ခင်) ယနေ့ နေ့လည်ပိုင်းအချိန်က ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

“မန္တလေး ကုသိုလ်တော်ဘုရားဘက်မှာ တိမ်းရှောင်နေတဲ့နေရာကို ဝင်ဖမ်းသွားတာလို့ ကနဦးသိရတယ်” ဟု သံဃသမဂ္ဂ (မန္တလေး) မှ ဆရာတော်တစ်ပါးက မိန့်ကြားသည်။

ဦးအာစာရဖမ်းဆီးခံရမှုအတွက် မြေပြင်တွင် ချိတ်ဆက်နေသူများ ရှောင်တိမ်းကြရန်လည်း မန္တလေးအခြေပြုတိုက်ခိုက်လှုပ်ရှားနေသည့် PDF များ၊ LPDF များ၊ ပြောက်ကျားများ၊ UG များနှင့် ဆန္ဒပြအဖွဲ့အစည်းများက လူမှုကွန်ရက်တွင် တပ်လှန့်နေသည်။

မန္တလေးမြို့တွင် သပိတ်မှောက်ဆန္ဒပြမှုများ ပြုလုပ်နေသည့် သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်ဆရာ‌တော်တစ်ပါးဖြစ်သူ ဦးကလျာဏ (ခ) ဦးယောကြီးကိုလည်း ပြီးခဲ့သည့် အောက်တိုဘာ ၃၀ က ဖမ်းမိခဲ့ပြီးနောက် နိုဝင်ဘာ ၂၄ ရက်တွင် ထောင် ၃ နှစ် ချမှတ်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News