ကစယ်ဒိုစစ်ကြောင်းအဖွဲ့ဝင် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖက်ဒရယ်စစ်ကြောင်းအဖွဲ့ဝင်အချို့ တွေ့ရစဥ်

၃. ၁.၂၀၂၃
Written by Nay Moe

ပြီးခဲ့သည့် နိုဝင်ဘာ ၂၈ ရက်က အမှတ် (၁၂) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းမှ အပြန်၌ မြိတ်မြို့မှ ထား၀ယ်မြို့သို့ ထွက်ခွာလာသော ခရီးသည်ကားတွင် အရပ်ဝတ်ဖြင့်လိုက်ပါလာသော ဗိုလ်မှူးဝင်းဌေးနိုင်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့သည့် ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းမှ လေးဦး လက်နက်ကြီးကျည်ထိမှန်၍ ဘဝကူးပြောင်းခဲ့သည်ဟု သိရသည်။

အဆိုပါဖြစ်စဥ်မှာ ဒီဇင်ဘာ ၁၈ ရက်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး တနင်္သါရီတိုင်း သရက်ချောင်းမြို့နယ် အခြေပြုလှုပ်ရှားသည့် ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းနှင့် နယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးလာသည့် လခရများ ပဲရေပူရွာ၌ ထိပ်တိုက်တိုးရာမှ လခရဘက်မှ ၆၀ မမ အချက် ၄၀ ကျော် ပစ်ခတ်မှုကြောင့် ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းမှ လေးဦးဘဝကူးပြောင်းက တစ်ဦးဒဏ်ရာရခဲ့သည်ဟု သိရသည်။

လက်နက်ကြီးထိမှန်ကျခဲ့သူများမှာ ရဲဘော်ကျောက်ဖြူ၊ ရဲဘော်ကျောက်မဲ၊ ရဲဘော်ဖလုံ၊ ရဲဘော်ရိုးရိုးလေးတို့ဖြစ်ပြီး ထိုသို့ ဘဝကူးပြောင်းမှုအပေါ်  ဝမ်းနည်းကြောင်းလည်း ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း (၁) က ဇန်နဝါရီ ၃ ရက်တွင် ဝမ်းနည်းသဝဏ်လွှာပေးပို့ကာ သတင်းထုတ်ပြန်ခဲ့သည်။

ကစယ်ဒိုဖက်ဒရယ်စစ်ကြောင်းသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖက်ဒရယ်စစ်ကြောင်း၊ ကစယ်ဒိုကျားတပ်ဖွဲ့နှင့် အခြားတော်လှန်ရေးအင်အားစုများစုပေါင်းထားပြီး ယမန်နှစ် ဇူလိုင် ၃၁ ရက်က ဖွဲ့စည်းခဲ့သော စစ်ကြောင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *