၃. ၁. ၂၀၂၃
Translated by Htwe Ko Tun

ယူကရိန်းစစ်တပ်က ပစ်လွှတ်ခဲ့သော ဒုံးကျည်များကြောင့် ဒွန်တက်ခ်ပြည်နယ် မာကီရက်ဗ်ကာမြို့တွင် စခန်းချထားသော ရုရှားတပ်ဖွဲ့ဝင် ၆၃ ဦးမှာ ဒုံးကျည်ထိမှန်ကျဆုံးခဲ့ရကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်တွင် ကြေညာခဲ့သည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ယူကရိန်းတို့သည် အမေရိကန်လုပ် HIMARS ဒုံးကျည်ခြောက်စင်းဖြင့် ဒွန်တက်ခ်ပြည်နယ်အတွင်း၊ မာကီရက်ဗ်ကာမြို့အနီး ရုရှားတပ်ဖွဲ့များ၏စခန်းကို ဇန်နဝါရီ ၁ ရက်က ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ရုရှားလေကြောင်းရန်ကာကွယ်ရေးစနစ်များက ဒုံးကျည်နှစ်စီးကိုပစ်ချခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါပစ်ခတ်မှုက ရုရှား-ယူကရိန်းစစ်ပွဲအတွင်း ရုရှားတိုဘက်မှ အကျအဆုံးအများဆုံးသော ဖြစ်ရပ်ဖြစ်ခဲ့ရသည်။ ကျဆုံးခဲ့ရသော စစ်သည်များ၏ ဆွေမျိုးများနှင့် မိတ်ဆွေများအား ထောက်ပံ့မှုအားလုံးပြုလုပ်ပေးသွားမည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် ဖေါ်ပြခဲ့သည်။

ဇန်နဝါရီ ၁ ရက် ညပိုင်းတွင် ယူကရိန်းစစ်တပ်၏ မဟာဗျူဟာဆက်သွယ်ရေးဦးစီးဌာနက မာကီရက်ဗ်ကာမြို့ရှိ ရုရှားစစ်သား ၄၀၀ နီးပါးကျဆုံးခဲ့သည်ဟု ပြောခဲ့သေးသည်။ ရုရှားကာကွယ်ရေးဝန်ကြီးဌာန၏ ကြေညာချက်တွင် အခြားသော ရုရှားတပ်ဖွဲ့ဝင် ၃၀၀ ခန့်မှာလည်းထိခိုက်ဒဏ်ရာများရခဲ့ကြောင်း ဖေါ်ပြခဲ့သည်။

Ref-aa.com

Leave a Reply

Your email address will not be published. Required fields are marked *