၃. ၁ . ၂၀၂၂
Written By Thandar

“ဒယ်လီ တက္ကစီ အချစ်” ရုပ်ရှင်ဇာတ်ကားရဲ့ “မယုံရေးချမယုံ”ဇာတ်ဝင်တေးသီချင်းကိုတော့ လွှမ်းပိုင်နဲ့ နော်ဖောအယ်ထားတို့ ကိုယ်တိုင် ပထမဆုံးသီဆိုထားတယ်လို့ သိရပါတယ်။

Moon Myanmar စီစဥ်တဲ့ ဒီရုပ်ရှင်ကား Family Show ပွဲကိုတော့ ဇန်နဝါရီ ၂ ရက် ညနေပိုင်းက ရန်ကုန်မြို့ မင်္ဂလာတာမွေ ရုပ်ရှင်ရုံမှာ ကျင်းပခဲ့ပါတယ်။

“ကျွန်တော်ကတော့ ဒီဇာတ်ကားမှာ သူငယ်ချင်းရဲ့ကားကို Taxi ယူမောင်းတဲ့ ကောင်လေး စည်သူနေရာက သရုပ်ဆောင်ထားပါတယ်။ တကယ်တော့ ကျွန်တော့်မှာမိဘတွေ အမွေပေးထားတဲ့ အိမ်ပိုင်တော့ရှိတယ်။ ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်လည်းဖြစ်တယ်။ ကိုယ်ဘေးက သူငယ်ချင်းတွေကို ဒုက္ခပေးတယ်။ အနားရှိတဲ့သူတွေကို မွှေနှောက်နေတာပေါ့။ အပြင်က ကာရိုက်တာနဲ့တော့ နီးစပ်ပေမယ့် အဲဒီလောက် မမွှေပါဘူး။ စစနောက်နောက် ပျော်ပျော်ရွှင်ရွှင်နေတတ်ပါတယ်။ ကောင်မလေး တစ်ယောက်ကို ပြိုင်ပိုးကြတာပါ”လို့ သရုပ်ဆောင် ရှင်မွှေလကပြောပါတယ်။

ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကို သျှားသီဟမောင်၊ ဇာတ်ညွှန်းကို ဒီဒီထက်အောင်တို့က ရေးသားပြီးတော့ ဒါရိုက်တာဖြစ်တဲ့ ပြည်ဟိန်းသီဟက ရိုက်ကူးထားပြီး သရုပ်‌ဆောင်တွေဖြစ်ကြတဲ့ လွှမ်းပိုင် ၊ ရှင်မွေလ ၊ နော်ဖောအယ်ထား ၊ ဂျိုကာ ၊ တေဇလင်းရောင် ၊ မာမီသက် ၊ စိစိ ၊ ချက်ကြီး၊ မောင်ကင်း၊ ငလက်မ ၊ စိုပြေ ၊ ဖိုးသဲ၊ ဒိုး ၊ ပေါ်လာ ၊ စူပါ၊ ပေါ်လွင် ၊ ပြုံးချို ၊ ပေါက်စိ၊ မျက်ပြူး၊ ဖွေးဖွေး ၊ သူဇာပွင့် ၊ ပိုး၊ ဂျူလိုင်၊ နန်းကြယ်စင် ၊ ဟေမာမန်ဝင်း နဲ့ အနုပညာရှင်များစွာ ပါဝင် သရုပ်ဆောင်ထားကြပါတယ်။

ဒီဇာတ်ကားထဲမှာ အလွဲလွဲအချော်ချော်လုပ်တတ်တဲ့ Delivery သမား ကောင်လေး ဇေယျာအဖြစ် လွှမ်းပိုင်ပါ၀င်သရုပ်ဆောင်ထားသလို ချစ်စရာကောင်းတဲ့ ကောင်မလေး Live Sale ရောင်းတဲ့ မိုးသည်း နေရာက နော်ဖောအယ်ထားက ပါဝင်သရုပ်ဆောင်ထားပါတယ်။

ဒယ်လီ တက္ကစီ အချစ် ရုပ်ရှင်ကားကိုတော့ ဇန်နဝါရီ ၆ ရက်မှာ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ရုပ်ရှင်ရုံတွေမှာ တစ်ပြိုင်နက် ရုံတင်ပြသမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News