MT News
တင်ဆက်/တည်းဖြတ် – ပန်းအိ၊ ဟေမာ

Netflix ကနေ နှစ်သစ်မှာ ထွက်ရှိလာမယ့် Kaleidoscope ဇာတ်လမ်းတွဲဟာ မှုခင်းသည်းထိတ်ရင်ဖိုဇာတ်လမ်းအမျိုးအစား ဖြစ်တဲ့အပြင် ကြည့်ရှုသူတွေက အပိုင်းအစဉ်လိုက်ကို စိတ်တိုင်းကျ ရွေးချယ်ကြည့်ရှုနိုင်မှာ ဖြစ်တဲ့အတွက် ဆန်းသစ်ပြီး စိတ်ဝင်စားစရာ ဖြစ်စေမှာပါ။

ဒီစီးရီးမှာ အဓိက ဇာတ်ဆောင်တွေ အနေနဲ့ Giancarlo Esposito နှင့် Paz Vega တို့ပါဝင်မှာဖြစ်ပြီး Jai Courtney၊ Rufus Sewell၊ Tati Gabrielle၊ Peter Mark Kendall နဲ့ Rosaline Elbay တို့ကလည်း ပါဝင်အားဖြည့် သရုပ်ဆောင်ထားကြပါတယ်။

Kaleidoscope ဟာ စုစုပိုင်း အပိုင်းရှစ်ပိုင်း ပါဝင်မှာဖြစ်ပြီး ထူးခြားချက်အနေနဲ့ အပိုင်းတွေကို နံပါတ်စဉ် တပ်ထားခြင်းမျိုးမရှိဘဲ အဝါ၊ အစိမ်း၊အပြာ၊ ခရမ်း၊ လိမ္မော်၊ အနီ၊ ပန်းရောင်နဲ့ အဖြူ ဆိုပြီး သတ်မှတ်ထားတာပဲ ဖြစ်ပါတယ်။

နောက်ဆုံး ဇာတ်သိမ်း အဖြူအပိုင်း မတိုင်ခင် အပိုင်း ၇ပိုင်းကို ကြည့်ရှုသူ စိတ်ကြိုက် မည့်သည့် အစဉ်လိုက်တိုင်းမဆို ကြည့်ရှုနိုင်မှာ ဖြစ်ပြီး ရွေးချယ်ကြည့်ရှုတဲ့ အပိုင်း အပေါ်မူတည်ပြီး ဇာတ်လမ်းကလည်း ပြောင်းလဲသွားမှာပဲ ဖြစ်ပါတယ်။

ဒီစီးရီးမှာ ခေါင်းဆောင်နဲ့ အဖွဲ့သားတွေရဲ့ ဘဏ်ဓါးပြတိုက်မှု ဇာတ်လမ်းဇာတ်ကွက်တွေနဲ့အတူ အဖွဲ့သားအချင်းချင်း သစ္စာဖောက်မှုတွေ၊ လောဘတွေကြောင့်နဲ့ အခြားခြိမ်းခြောက်မှုတွေကြောင့် အစီအစဉ်တွေ ပျက်ပြားသွားစေနိုင်မလား ဆိုတာတွေနဲ့ မှုခင်းသည်းထိတ်ရင်ဖိုဖွယ်ရာတွေကို အရောင်တွေ စိတ်ကြိုက်ရွေးချယ်ပြီး ကြည့်ရှုနိုင်ဖို့အတွက် ဇန်နဝါရီလ ၁ ရက်နေ့မှာ Netflix ကနေ ထွက်ရှိတော့မယ့် Kaleidoscope ကို MT News ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *