MT News

Written By Thandar

“လယ်တောကအလွဲ” ဟာသဇာတ်လမ်းကိုတော့ လာမယ့် ဇန်နဝါရီ ၅ ရက်မှာ Fortune TV ရုပ်သံလိုင်းက ပြသပေးတော့မှာ ဖြစ်ပါတယ်။

ရွာရဲ့ ရပ်မိရပ်ဖတစ်ဦးဖြစ်တဲ့ ဦးမဲကျော်မှာ ဖိုးစိဆိုတဲ့ သားတစ်ယောက်ရှိပါတယ်။ သားဖြစ်သူက ထုံပေပေနဲ့ အရာရာကိုအယုံလွယ်ပြီး သူအယုံကြည်ရဆုံးသူငယ်ချင်းက ဖိုးထောင်ပါ။ ဖိုးထောင်ဟာ ရွာမှာ အ လုပ် မယ်မယ်ရရ မရှိပေမယ့် လူလည် ပန်ကာတစ် ယောက်ဖြစ်ပြီးတော့ ရွာထဲကသူတွေကို ကြုံသလို လှည့် ပတ် နေထိုင်စားသောက်နေသူ ဖြစ်ပါတယ်။

ဖိုးထောင်နဲ့ ရန်ဘက် အရက်သမားနှစ်ယောက်လည်းရှိပြီး ငဝိုင်းနဲ့ ထော်ကြီးတို့ပါ ။ ဒီနှစ်ယောက်က ဖိုးထောင်ရဲ့ လူလည်လုပ်ခြင်းကို မကြာခဏခံရပါတယ်။ တစ်နေ့ ဦးမဲကျော်ဟာ ကိစ္စတစ်ခုနဲ့ မြို့ကို သွားဖို့ဖြစ်လာတဲ့အတွက် အိမ်ကိုဂရုစိုက်ဖို့ ဖိုးစိကို သေချာမှာပြီး သွားခဲ့ပါတယ်။

အဲဒီအချိန် ဖိုးထောင်တစ်ယောက် ထန်းတောကအပြန် ဦးမဲကျော်နဲ့ လမ်းမှာ တွေ့လို့ ဦးမဲကျော်က သူ မြို့ကိုသွားမယ့် အကြောင်းပြောပြီး သူ့သားနဲ့ ဝေးဝေးနေဖို့ပြောပြီးထွက်သွားပါတယ်။ ဖိုးထောင်လည်းထွက်သွားဖို့ ပြင်လိုက်ချိန် ငဝိုင်းနဲ့ ထော်ကြီးတို့ ရောက်လာပြီး ဖိုးထောင် လိမ်သွားတဲ့ ပိုက်ဆံကိုပြန်တောင်းလို့ ညနေနှ ပိုက်ဆံ ပေးမယ်လို့ ပြောလိုက်ပါတယ်။

ဖိုးထောင် တစ်ယောက်အကြံထုတ်ရင်း ဦးမဲကျော်ကိုသတိရပြီး ဖိုးစိ အိမ်သွားကာ မင်းအဖေ မြို့ကိုသွားရင်းလမ်းမှာ ကျွဲနွားရွက်ပြာရောဂါနဲ့ ဆုံးသွားတယ်။ ဒီရောဂါ က ပြင်းထန်လွန်းတာကြောင့် ရွာကိုမသယ်နိုင်ကြောင်းပြောပြီး နာရေးလုပ်ဖို့ပြော ဖဲဝိုင်းတည် တဲတွေထိုးရာကစပြီး အလွဲများစွာ ဖြစ်ပေါ်ပေါက်လာတာကို ဟာသနှောပြီးတော့ ရိုက်ကူးထားပါတယ်။

ဒီဇာတ်လမ်းကို ဒါရိုက်တာ မှော်ရှင်က ရိုက်ကူးပြီးတော့ သရုပ်ဆောင်အနေနဲ့ ကျင်ဝှက် ၊ အောင်သော် ၊ အောင်မော်၊ ကြာစိ ၊ မျောက်ရှုံး ၊ ကိုးလ် ၊ မေတ္တာ မြင့်မြတ်၊ ဟိန်း၊ စူပါလင်း၊ ဝိုင်းဝိုင်းလည် ၊ နန်းထိုက်ခိုင် နဲ့ သရုပ်ဆောင်များစွာ ပါ၀င်သရုပ်ဆောင်ထားကြပါတယ်။

“လယ်တောကအလွဲ”ဟာသ ဇာတ်လမ်းတွဲလေးကို လာမယ့် ဇန်နဝါရီ ၅ ရက်က စတင်ပြီးတော့ တနင်္လာနေ့ကနေ သောကြာနေ့အထိ ည ၈ နာရီ အချိန်တိုင်း အပိုင်းသစ်နဲ့ နေ့လည် ၁ နာရီမှာတော့ Fortune TV ရုပ်သံလိုင်းမှာပြန်လည် ပြသပေးမှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *