MT News

Transated by Htwe Ko Tun

သြစတြေးလျနိုင်ငံမြောက်ပိုင်းရှိ ကမ္ဘာလှည့်ခရီးသွားများလာရောက်ရာနေရာတစ်ခုဖြစ်သည့် Gold Coasr ကမ်းခြေ၏ဝေဟင်တွင် ဇန်နဝါရီ ၂ ရက်က ရဟတ်ယာဉ်နှစ်စီးတိုက်မိခဲ့ရာ လူလေးဦးသေဆုံးပြီး သုံးဦးမှာဆေးရုံတင်ပို့ထားရ၍ စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်းသိရသည်။

ရဟတ်ယာဉ်တစ်စီး၏ ဒလက်များမှာပြုတ်ထွက်ကာ အသဲသောင်တစ်ခုအစပ်တွင် ပက်လက်လန် ပြုတ်ကျလျက်ရှိသည်။ အခြားတစ်စီးမှာမူ များစွာထိခိုက်မှုမရှိဘဲ သဲသောင်ပေါ်တွင် ကောင်းစွာဆင်းသက်နေနိုင်ကြောင်း ၎င်းရဟတ်ယာဉ်၏ ဒလက်များက လည်နေနိုင်သေးကြောင်း တွေ့ရသည်။

ရဟတ်ယာဉ်နှစ်စီးအနက် တစ်စီးကအတက်တွင် အခြားတစ်စီးကအဆင်းနှင့် တိုက်မိခြင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့ကပြောခဲ့သည်။

Ref-AFP

Leave a Reply

Your email address will not be published. Required fields are marked *