MT News

Written by Naing Thuta

ယမန်နေ့နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်ရှိ ၃ ထပ်တိုက်၏ ဒုတိယထပ်ရှိ ဆိုင်ကယ်အပိုပစ္စည်းများသိုလှောင်ထားသော အထပ်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံလူမှုရေးအသင်းအဖွဲ့များထံမှ သိရသည်။

ဖြစ်စဉ်မှာ ဇန်နဝါရီ ၂ ရက် နံနက် ၈ နာရီခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ကန်သာယာရပ်ကွက်၊ ၅၇(B)လမ်းနှင့် ၅၇(C)လမ်းကြား၊ ၁၁၀ (မနော်ဟရီ) လမ်းပေါ်ရှိ အိမ်အမှတ် (၁၃/၁၄)တွင် ဆိုင်ကယ်အပိုပစ္စည်းများထားသည့် ၃ ထပ်တိုက်တွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ မြို့နယ်မီးသတ်မှ Level 1 အဆင့် သန္ဓေမီးသတ်(၆၈)ဦး၊ အရန် မီးသတ်(၁၀၀)ဦး၊ မီးသတ်ယာဉ်(၁၀)စီး၊ ရေသယ်ယာဉ် (၁၅)စီး၊ အုပ်ချုပ်မှုယာဉ်(၃)စီးတို့ဖြင့် ဝိုင်းဝန်း မီးငြှိမ်းသတ်ခဲ့ပြီး ၉ နာရီ ၄၆ မိနစ်တွင်မီးထိန်းနိုင်ခဲ့ကာ ၁၀ နာရီ ၅ မိနစ်တွင် မီးလုံးဝငြိမ်းသတ်သွားခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးထံမှ သိရသည်။

အဆိုပါမီးလောင်ကျွမ်းရသည့်အကြောင်းရင်းကို သက်ဆိုင်ရာမှ စုံစမ်းလျှက်ရှိကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News