MT News

Written by Min Mahar

ချမ်းအေးသာစံမြို့နယ်ရှိ သီရိဟေမာအရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေးတွင် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံးတစ်လုံး ဇန်နဝါရီ ၂ ရက်နေ့နံနက်ပိုင်းက တွေ့ရှိသဖြင့် သက်ဆိုင်ရာမှာ ယမ်းပျော့ကပ်ပြီး ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် ၊ သီရိဟေမာအရှေ့ရပ်ကွက်၊ ၂၇-၈၉ လမ်းထောင့်ရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ဇန်နဝါရီ ၂ ရက်နေ့ နံနက် ၇ နာရီခွဲခန့် ရာအိမ်မှူးဆိုသူမှ ရုံးခြံဝန်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် မပေါက်ကွဲသေးသည့် လက်ပစ်ဗုံး ၁ လုံးတွေ့ရှိခဲ့ရာ သက်ဆိုင်ရာကိုအကြောင်းကြားခဲ့ကြောင်း သိရသည်။

” မနက်က သန့်ရှင်းရေးလုပ်နေတဲ့ ရာအိမ်မှူးက လက်ပစ်ဗုံးကိုစတွေ့တယ်လို့ကြားတာပဲ။ အဲဒီဗုံးက တရုတ်နိုင်ငံထုတ် အစိမ်းရောင်ဗုံးတစ်လုံးဖြစ်တယ်လို့လည်းကြားတယ်။ သက်ဆိုင်ရာကိုအကြာင်းကြားပြီးတော့ ဖောက်ခွဲဖျက်ဆီးလိုက်တယ်တော့ကြားတယ်။ ဘယ်သူကလာပစ်တယ်ဆိုတာတော့ မကြားမိဘူး” ဟု ရပ်ကွက်ရုံးအနီးနေထိုင်သူတစ်ဦးက MT News သို့ပြောသည်။

အဆိုပါလက်ပစ်ဗုံးကို သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များက နံနက် ၈ နာရီ ၄၅ မိနစ်ခန့်တွင် ယမ်းပျော့ကပ်ပြီး ဖောက်ခွဲဖျက်ဆီးခဲ့သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *