အောင်မင်္ဂလာအဝေးပြေးဝန်းအတွင်း သေဆုံးနေသူနှစ်ဦးကို တွေ့ရစဥ် (ဓာတ်ပုံ-ပုလဲအရန်မီးသတ်တပ်ဖွဲ့၊ Htin Lin Aung Facebook)

၂. ၁. ၂၀၂၂
Written by Thettant

အောင်မင်္ဂလာအဝေး ပြေးကားဝန်းအတွင်း အမျိုးသားနှစ်ဦး သေဆုံးလျက် ယနေ့နံနက်က တွေ့ရှိခဲ့ရ ကြောင်း သိရသည်။

“အာဟာရပြတ် အအေးပတ်ပြီး သေဆုံးနေတာလို့ ပြောနေကြတာ။ နှစ်ဦးစလုံးက သေနေမှတွေ့တာဆိုတော့ တော်တော်များများ လန့်နေကြတာပေါ့”ဟု အဆိုပါ အလောင်းတွေ့ရှိမှုအပေါ် အောင်မင်္ဂလာအဝေးပြေးဝန်းတွင် တက်စီယာဥ်မောင်းနှင်သူတစ်ဦးက ဆိုသည်။

အဆိုပါ အလောင်းနှစ်ခုအား ယနေ့နံနက် ၉ နာရီခန့်တွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရုပ်အလောင်းတစ်ခုမှာ အောင်မင်္ဂလာအဝေးပြေးဝန်း စစ်ကိုင်းလမ်းတွင် တွေ့ရှိကာ အခြားရုပ်အလောင်းမှာ တနင်္သာရီလမ်းတွင် တွေ့ရှိရခြင်းဖြစ်ပြီး ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ပိုင်ရှင်မဲ့အလောင်းအဖြစ် မေဓာဝီဆေးရုံသို့ပို့ဆောင်ခဲ့ကာ (PR-5/7)ဖြစ် အပ်နှံကူညီပေးခဲ့သည်ဟုလည်း ပုလဲအရန်မီးသတ်တပ်ဖွဲ့မှ ကိုထင်လင်းအောင်၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News