April 28, 2024

MT News

Photo News

ရန်ကုန်နေရာအနှံ့မှာ နှစ်သစ်ကို ကြိုဆိုနေကြသူတွေရှိသလို လူရှုပ်တာကို မကြိုက်တာကြောင့် အေးချမ်းတဲ့ မြစ်ပြင်အမှောင်ရိပ်မှာ ဝိုင်းဖွဲ့ကြရင်း နှစ်သစ်ကိုကြိုမဲ့ လူငယ်ထုကတော့ အင်အားကောင်းစွာ ရှိနေဆဲပါပဲ။

“လူစည်တဲ့နေရာဆို ဗုံးကြောက်ရတယ်။ ဒီတော့ လူမစည်တဲ့ အာရုံမကျတဲ့နေရာ သူငယ်ချင်းတွေစုပြီး နှစ်သစ်ကြိုတာ။ Happy New Year အော်ပြီးတာနဲ့ အိမ်ပြန်ကြမှာပါ” လို့ ဗိုလ်တထောင်မြို့နယ်နေ နှစ်သစ်လာရောက်ကြိုဆိုသူ လူငယ်တစ်ဦးက ဆိုပါတယ်။

ဒီဇင်ဘာလ ၃၁ ရက် ညဟာ ညမထွက်ရအမိန့် ခေတ္တရုတ်သိမ်းခဲ့တာနဲ့ နှစ်သစ်ကူးညဖြစ်တာကြောင့် ခါတိုင်းရက်တွေမှာ ည ၈ နာရီကျော်တာနဲ့ လူမရှိတော့တဲ့ ဗိုလ်တထောင်ဆိပ်ကမ်းဟာ ဒီညမှာတော့ လှပစွာ တိတ်တဆိတ်စည်ကားရင်းနဲ့ နှစ်သစ်ကို ကြိုလင့်နေတဲ့ လူငယ်တွေရဲ့ ဂစ်တာသံ၊ အမူးလွန်စပြုနေတဲ့ လူငယ်တွေရဲ့ ငြင်းခုန်သံ၊ အပျော်လွန်လူငယ်တချို့ရဲ့ ငြင်းခုန်သံတွေကလွဲရင် တိတ်ဆိတ်အေးချမ်းစွာနဲ့ နှစ်သစ်ကို ကြိုလင့်နေကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News