April 28, 2024

MT News

၂၀၂၂ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် စတင်ထုတ်ဝေရောင်းချမည့် ရဋ္ဌနန္ဒက တံဆိပ်ခေါင်းအား အဆိုပါနေ့တွင် ဝယ်ယူသူများကို ရက်စွဲပါ ရိုက်နှိပ်ပေးမည်ဖြစ်သည်။

၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ထုတ်ဝေသည့် “ရဋ္ဌနန္ဒက” ဆင်ဖြူတော်ပုံဖြင့် ၂၀၀ ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းသစ် ၁ မျိုးအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၄ ရက် နံနက် ၉ နာရီခွဲမှ စတင်၍ နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့် တိုင်းဒေသကြီး/ပြည်နယ်များရှိ စာတိုက်ကြီးများတွင် တစ်ပြိုင်တည်း ရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ်အဖြစ် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီးနှင့် မန္တလေးစာတိုက်ကြီးတို့တွင် ဇန်နဝါရီ ၄ ရက်၌ ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများအပေါ် နေ့စွဲအမှတ်အသားတံဆိပ် ရိုက်နှိပ်ပေးမည်ဖြစ်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News