April 27, 2024

MT News

Written by Pan Ei

လျှို့ဝှက်ချိန်းတွေ့နေကြတဲ့ နာမည်ကြီး စုံတွဲတွေကို နှစ်စဉ်နှစ်တိုင်း ဖော်ထုတ်လေ့ရှိတဲ့ Dispatch ဟာ ၂၀၂၃ ခုနှစ်အတွက်ကိုတော့ မင်းသား Lee Jong Suk နဲ့အဆိုတော် IU တွဲနေတဲ့ သတင်းကို ဖော်ထုတ်ခဲ့ရာမှာတော့ သူတို့ရဲ့ အေဂျင်စီအသီးသီးက သူတို့ရဲ့ အချစ်ရေးအကြောင်းကို တရားဝင် အတည်ပြုလိုက်ရပါတယ်။

ဒီဇင်ဘာလ ၃၀ ရက် ညက MBC ဆုပေးပွဲမှာ ဒီနှစ်ထဲ ထွက်ရှိခဲ့တဲ့ Big Mouth ဇာတ်လမ်းတွဲနဲ့ အမြင့်ဆုံးဆု ရရှိခဲ့တဲ့ Lee Jong Suk ဟာ ဆုယူအပြီး ကျေးဇူးတင်စကားပြောရာမှာလည်း ချစ်သူကောင်မလေးအကြောင်းကို ထည့်သွင်းပြောကြားခဲ့တာကြောင့် ပရိသတ်တွေ စိတ်ဝင်စားနေကြချိန်မှာပဲ ဒီဇင်ဘာလ ၃၁ ရက် မှာတော့ IU နဲ့ တွဲနေတဲ့သတင်း ထွက်ပေါ်လာခဲ့တာပဲ ဖြစ်ပါတယ်။

အဆိုပါ သတင်းနဲ့ ပတ်သက်ပြီး Lee Jong Suk ရဲ့ အေဂျင်စီဖြစ်တဲ့ HighZium Studio နဲ့ IU ရဲ့ အေဂျင်စီဖြစ်တဲ့ EDAM Entertainment တို့ကလည်း တရားဝင် အတည်ပြုခဲ့ကြပြီး “ပရိသတ်တွေကလည်း ဆက်လက်အားပေးပြီး ချစ်ခင်ပေးကြပါဦး” လို့ ထုတ်ပြန်ခဲ့ပါတယ်။

Dispatch ရဲ့ ထုတ်ပြန်ချက်အရ သူတို့ မေတ္တာမျှနေကြတာ ၄လခန့် ကြာနေပြီလို့လည်း သိရပြီး ရင်းနှီးတဲ့ မိတ်ဆွေအဆင့်ကနေ ပိုပြီးကောင်းမွန်တဲ့ ဆက်ဆံရေးအဆင့်ကို တိုးတက်လာတာဖြစ်တယ်လို့လည်း အေဂျင်စီတွေက ဆိုပါတယ်။

Ref; Soompi

Leave a Reply

Your email address will not be published. Required fields are marked *

Related News