April 28, 2024

– NYER ၏ နှစ်သစ်ကြိုဆိုဖျော်ဖြေမှုတွင် Marc Vedo, Mr.Black စသည့် ကမ္ဘာကျော်များ ပါဝင်အားဖြည့်

MT News

Written by Thettant

ကမ္ဘာကျော် DJ အလှမယ် MS PUIYI ရန်ကုန်မြို့သို့ ရောက်ရှိနေပြီး တာမွေမြို့နယ်ရှိ Hexagon Complex ၏ NYER(NYER • New Year Eve Recharge Music Festival ) တွင် နှစ်သစ်ကို ကြိုဆိုဖျော်ဖြေမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် နှစ်သစ်ကို ကြိုဆိုဖျော်ဖြေမည့် ပုရိသများအသည်းစွဲဖြစ်သော မလေးရှားတွင် မွေးဖွားခဲ့သူ MS PUIYI သည် မြန်မာပြည်သို့ရောက်စဉ် ရွှေတိဂုံဘုရားသို့လည်း သွားရောက်ကြည်ညိုခဲ့ပြီး မြန်မာနိုင်ငံသည် လှပသောနိုင်ငံဖြစ်ကြောင်းလည်း ချီးကျုးထားကာ တံခွန်၊ ကုက္ကား၊ ဘုရားပန်းများဖြင့်ပုံကိုလည်း သူမ၏ လူမှုကွန်ရက်တွင် ဖော်ပြထားသည်။

MS PUIYI သည် မြန်မာပြည်မှ DJ များနှင့်အတူ နှစ်သစ်ကို ကြိုဆိုဖျော်ဖြေမည်ဖြစ်ပြီး လူမှုကွန်ရက်တွင်လည်း နာမည်ကြီးသူဖြစ်သည့်အပြင် အမေရိကန် မဂဇင်း Penthouse ၏ မျက်နှာဖုံးတွင် အရှေ့တောင်အာရှမှ ပထမဆုံးဖော်ပြခံခဲ့ရသူလည်း ဖြစ်ခဲ့သည်။

“Special Guest Regional DJ အနေနဲ့ ထပ်မံ အားဖြည့်ပါဝင်လာတဲ့သူကတော့ ကမ္ဘာကျော် မော်ဒယ် Ms. Puiyi ပဲ ဖြစ်ပါတယ်။ သူမကိုတော့ အထူးတလည် မိတ်ဆက်ဖို့ မလိုလောက်ဖူးလို့ ထင်ပါတယ်။ သူမက အခုလက်ရှိမှာ DJ Career ကို ပြောင်းလဲရွေးချယ်ပြီး နိုင်ငံတကာမှာ

လှည့်လည် ဖျော်ဖြေတင်ဆက်နေတဲ့ Lady DJ Artist တစ်ယောက် ဖြစ်ပါတယ်။ နာမည်ကြီး Club, Parties & Events ပေါင်းများစွာမှာလည်း ပါဝင်ဖျော်ဖြေလေ့ရှိသူ ဖြစ်တဲ့အတွက် ဒီ NYER ပွဲမှာလည်း ရန်ကုန်မြို့က Raver တွေကို ဘယ်လို တင်ဆက်ပြသသွားမလဲဆိုတာ သိရအောင် အားလုံး လာရောက်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်” ဟု NYER က ကြေညာထားသည်။

NYER New Year Countdown တွင် ပြည်တွင်း DJ များဖြစ်သည့် DJ Icez၊ Di Nokk ၊ Wolveryan ၊ Dino ၊ CRUZ ၊ M2 ၊ POST TUNE၊ BLACK၊ SMILE၊ Justin-C တို့အပြင် Supporting Acts အနေဖြင့် UK Club Culture ၏ ကြွယ်ဝသောသမိုင်းကြောင်းကို နက်နက်ရှိုင်းရှိုင်းချဲ့ထွင်ခဲ့သူ Marc Vedo လည်းပါဝင်မည်ဖြစ်သည်။ ထို့အပြင် Tomorrowland & Life in Color အပါအဝင် ကမ္ဘာတစ်ဝှမ်းရှိ အကြီးမားဆုံး ပွဲတော်များတွင် ဖျော်ဖြေရင်း ကျော်ကြားလာခဲ့သူ Mr. Black လည်း ပါဝင်ဖျော်ဖြေမည်ဟု NYER က ကြေညာထားသည်။

Photo MS PUIYI

Leave a Reply

Your email address will not be published. Required fields are marked *

Related News