April 27, 2024

MT News

Written by Nay Moe

၂၀၂၃ တစ်နှစ်တာလုံး အပစ်အခတ်ရပ်စဲမည်ဟု တပ်မတော်က ဒီဇင်ဘာလ ၃၁ ရက် ညတွင် ကြေညာသည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဥ်တိုးမြှင့်ရန်နှင့် ကိုဗစ်ကာကွယ်ထိန်းချုပ်ရန် တပ်မတော်က ၄ နှစ်ကျော် အပစ်အခတ်ရပ်စဲပြီးနောက် ၇၅ နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ထိုသို့​ကြေညာခြင်းဖြစ်သည်။

လက်တွေ့ကျသည့် ငြိမ်းချမ်းရေးဆွေးနွေးမှု လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး၊ ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တလျက်ရှိသည့် ထာဝရငြိမ်းချမ်းရေး ရရှိရေးတို့အတွက် နိုင်ငံတော်ကာကွယ်ရေး နှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များအပြင် နိုင်ငံတော်အစိုးရ၏ လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ယန္တရားများအား နှောင့် ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်၏ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများကို တစ်နှစ်တိတိ ရပ်ဆိုင်းပေးခဲ့ခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *