ဒီဇင်ဘာ ၂၉ရက်က တောင်တော်ကွင်း နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်ပေးစက်ရုံကို တာဝန်ရှိသူများ သွားရောက်ခဲ့စဉ် ဓာတ်ပုံ-MOI

၃၀. ၁၂. ၂၀၂၂
Written by Ye Kyaw

အိမ်ထောင်စုပေါင်း ၂၁,၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အားပေးနိုင်မည့် မြန်မာနိုင်ငံ၏ တတိယမြောက် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်း တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံအား ဒီဇင်ဘာ ၂၉ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ကြောင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်ရှိ တောင်တော်ကွင်း ၂၀ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် မြန်မာနိုင်ငံတွင် တတိယမြောက် အကောင်အထည်ဖော်ပြီးစီးခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ပြီး (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစီမံကိန်းမှ တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီသန်းပေါင်း ၄၅ သန်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး အိမ်ထောင်စုပေါင်း ၂၁,၀၀၀ ခန့်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်မည်ဖြစ်သည်။

လက်ရှိအချိန်တွင် နိုင်ငံတော်အတွင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာအထိ တစ်နိုင်ငံလုံးရှိ မြို့ပေါင်း ၅၀၈ မြို့ ကျေးရွာပေါင်း ၄၀,၆၉၄ ရွာ လျှပ်စစ်ဓာတ်အားရရှိခဲ့ပြီး အိမ်‌ထောင်စုပေါင်း ၆ ဒသမ ၉ သန်းကျော်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ခဲ့ပြီးဖြစ်၍ မြန်မာနိုင်ငံတစ်နိုင်ငံလုံး၏ လျှပ်စစ်ဓာတ်အား ရရှိမှုမှာ နိုင်ငံ့လူဦးရေး၏ ၆၄ ရာခိုင်နှုန်းကျော်ကို လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *