၃၀. ၁၂. ၂၀၂၂
Transated by Htwe Ko Tun

ဖိလစ်ပိုင်နိုင်ငံတွင် နိုင်ငံ့တောင်ပိုင်း၌ ခရစ္စမတ်နေ့မှစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့မှုကြောင့် ရေကြီးမှုများဖြစ်ပေါ်ခဲ့ရာ အဆိုပါရေကြီးမှုများကြောင့် သေဆုံးသူဦးရေမှာ ဒီဇင်ဘာ ၃၀ ရက် နံနက်တွင် ၄၄ ဦးအထိရှိလာပြီး ၂၈ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ဖိလစ်ပိုင်သဘာဝဘေးအန္တရာယ်လျှော့ချရေးနှင့်စီမံခန့်ခွဲရေးကောင်စီက ပြောကြားခဲ့သည်။

ပျောက်ဆုံးနေသူဦးရေမှာလည်း ၂၅ ဦးမှ ၂၈ ဦးသို့ မြင့်တက်လာခဲ့ပြီး အခြား ၁၂ ဦးမှာဒဏ်ရာများရရှိခဲ့ကြောင်းသိရသည်။

ရေကြီးမှု ဆိုးရွားသည့် လူဇုန်တောင်ပိုင်း၊ ဗီဆာရာ့စ်ပြည်နယ်နှင့် မင်ဒါနာအို ပြည်နယ်တို့တွင် ရေလွှမ်းမိုးမှုဒဏ်ကို အနည်းဆုံး ပြည်သူ ၅၀၉၃၄၀ ဦး ခံစားခဲ့ရပြီး စိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်ပျက်စီးမှု ပီဆိုငွေ ၂၃၅ သန်းနီးပါးရှိမည်ဟုခန့်မှန်းထားကာ အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးမှုကလည်း ပီဆိုငွေ သန်း ၁၁၀၀ ကျော်မည်ဟု ခန့်မှန်းရသည်။

Ref—- Inquirer.com

Leave a Reply

Your email address will not be published. Required fields are marked *