၃၀. ၁၂. ၂၀၂၂
Written By Thandar

ထိုင်းနိုင်ငံမှာ ကျင်းပခဲ့တဲ့ Kids Star International 2022 ပြိုင်ပွဲမှာ Kids Star International 2022 2nd Runner Up ဆုနဲ့ တခြား Title ဆုတွေ ဆွတ်ခူးခဲ့တဲ့ အသက် ၆ နှစ်ကျော်အရွယ် Little Master ရှင်းလရောင်(ခ) ရှင်းရှင်းရဲ့ ဂုဏ်ပြုညစာစားပွဲကို ဒီဇင်ဘာ ၂၉ ရက် ညပိုင်းက Vintage Luxury Yacht မှာ ပြုလုပ်ခဲ့ပါတယ်။

“ဒီပြိုင်ပွဲအတွက် တော်တော်လေးလည်း ပင်ပန်းခဲ့တယ်။ ပြိုင်ပွဲအတွက် ပြင်ဆင်ရတဲ့ အခက်အခဲတွေလည်း အများကြီးရှိခဲ့တယ်။ နိုင်ငံအများကြီးယှဉ်ပြိုင်ခဲ့ရတဲ့အချိန်မှာ မြန်မာနိုင်ငံ ကိုယ်စားပြုအတွက် ဆု ၆ ဆု ရလို့ အရမ်းပျော်ပါတယ်။ National Costume ကိုတော့ ဒီဇိုင်နာ အန်တီမေမြတ်၀ါဆိုက ချုပ်ပေးတာပါ။ ဒီပြိုင်ပွဲမှာ ဇော်ဂျီအကနဲ့ ကပြဖျော်ဖြေခဲ့တယ်။ ဆရာမြတ်သူက အကတွေ သင်ပေးခဲ့ပါတယ်။ သား ၅ နှစ်ကတည်းက အကဝါသနာပါတာပါ”လို့ Little Mister ရှင်းလရောင်ကပြောပါတယ်။

Kids Star International 2022 ပြိုင်ပွဲကို ထိုင်းနိုင်ငံမှာ ဒီဇင်ဘာ ၁၁ ရက်ကနေ ၁၈ ရက်အထိကျင်းပခဲ့တာဖြစ်ပြီးတော့ ကိုရီးယား ၊ ဂျပန်၊ ထိုင်းစတဲ့ နိုင်ငံပေါင်း ၆၀ ကျော်က ရင်သွေးငယ်တွေ ပါဝင်ယှဉ်ပြိုင်ခဲ့ရာမှာ Little Master ရှင်းလရောင်က Best Talent ဆု၊ Rising Star ဆု၊ People Choice Award ဆု၊ Friendships Award 1st Runner Up ဆု၊ Kids Star International 2022 2nd Runner Up၊ National Costume 2nd Runner Up ဆုတွေကို ဆွတ်ခူးရရှိခဲ့တာဖြစ်ပါတယ်။

Little Master ရှင်းလရောင်(ခ) ရှင်းရှင်း ဟာ Soe San Event Production & Agency ကနေ ပြုလုပ်ခဲ့တဲ့ The Hidden Jewel Little Mister & Miss 2022 ပြိုင်ပွဲမှာ Global Kid’s International Myanmar ဆု ရရှိခဲ့ပြီးတော့ ထိုင်းနိုင်ငံ Kids Star International 2022 ပြိုင်ပွဲကို မြန်မာနိုင်ငံကိုယ်စားပြုအဖြစ် ပါဝင်ယှဉ်ပြိုင်ခဲ့တာ ဖြစ်ပါတယ်။

“မိဘတစ်ယောက်အနေနဲ့ သားသား ပြိုင်ပွဲ သွားရောက် ယှဉ်ပြိုင်တဲ့အချိန်မှာ ဆုရရှိဖို့ မျှော်လင့်ချက်လေးတစ်ခုတော့ ရှိတယ်။ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်လေးတွေကို သားသားက ဖြည့်ဆည့်ပေးနိုင်ခဲ့တယ်။ နိုင်ငံပေါင်း ၆၀ ကျော်နဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့အချိန်မှာ မြန်မာနိုင်ငံအတွက် ဆု ၆ ဆုတောင် ယူလာပေးနိုင်ခဲ့တဲ့အတွက် သားသား အတွက်လည်း ဂုဏ်ယူမိသလို အတိုင်းမသိလည်း ဝမ်းသာမိတယ်။ သားသားဆုရရှိတယ်လို့ ကြေညာလိုက်တဲ့ အချိန်တုန်းကဆိုရင် ဝမ်းသာလွန်းလို့  မျက်ရည် တောင်ကျမိပါတယ်။ ကျွန်တော်တို့အနေနဲ့ သားသားရဲ့ ရှေ့ဆက် လျှောက်လှမ်းမယ့် အနုပညာလမ်းကြောင်းမှာ အကောင်းဆုံး ပံ့ပိုးပေးမယ်လို စဉ်းစားထားပါတယ်”လို့ Little Master ရှင်းလရောင်ရဲ့ ဖခင် ဦးအောင်မျိုးမင်းက ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *