အမြန်လမ်း လမ်းလယ်ကျွန်းပေါ် ပက်လက်လန်တိမ်းမှောက်နေသောယာဥ်ကို တွေ့ရစဥ်(ဓာတ်ပုံ-အနှိုင်းမဲ့မေတ္တာ လူမှုကူညီရေးအသင်း)

၂၉. ၁၂. ၂၀၂၂
Written by Thi Ha

ယနေ့ ဒီဇင်ဘာ၂၉ ရက် နေ့လည်၁ နာရီ ဝန်းကျင်ခန့်က အမြန်လမ်း ၅ မိုင် ၆ ဖာလုံတွင် အိမ်စီးကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းလယ်ကျွန်းသို့ ကျော်တက်ကာ တိမ်းမှောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ယာဥ်တိမ်းမှောက်မှုကြောင့် ယာဥ်ပေါ်ပါ အမျိုးသားနှင့် အမျိုးသမီးတို့ ကိုယ်တွင်းနာကျင်ထိခိုက် ဝေဒနာများခံစားခဲ့ရပြီး ၁၁ မိုင် အမြန်လမ်းမီးသတ်စခန်း၊ အမှတ် ၃ လမ်းဆုံမှ ရဲစုကြီးလူမှုကူညီရေးအသင်းနှင့် အနှိုင်းမဲ့မေတ္တာ လူမှုကယ်ဆယ်ရေးအသင်းတို့က လှည်းကူးမြို့နယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ကားကတော့ လမ်းလယ်ကျွန်းပေါ်မှာ ပက်လက်လန်နေတာ။ ကားခေါင်းပိုင်းအတော်ထိပေမဲ့ Air Bag ပွင့်သွားတော့ လူထိခိုက်မှု သက်သာသွားတယ်။ ယာဥ်ပေါ်ပါ အမျိုးသမီးနဲ့ အမျိုးသားနှစ်ဦးမှာ အမျိုးသားကတော့ အသက်မရှူနိုင်ဘူး၊ အောင့်တယ်ဆိုလို့ ကျွန်တော်တို့ အသင်းက လူနာတင်ယာဥ်နဲ့ လှည်းကူးဆေးရုံပို့ပေးတာ။ လှည်းကူးဆေးရုံက မြောက်ဥက္ကလာပဆေးရုံကိုပြန်လွှဲလို့ လိုက်ပို့ခဲ့ပါတယ်”ဟု အနှိုင်းမဲ့မေတ္တာ လူမှုကူညီရေး အသင်းမှ တာဝန်ရှိသူက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *