၂၉. ၁၂. ၂၀၂၂
Written by ThiHa

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မုပွန်အိုးရုံလမ်းရှိ ချောင်းထဲသို့ ဒီဇင်ဘာ ၂၈ ရက် ည ၉ နာရီဝန်းကျင်ခန့်က ကိုယ်ပိုင်ကားတစ်စီးချောင်းထဲသို့ အရှိန်လွန်ထိုးကျကာ ယာဥ်မောင်းသေဆုံးခဲ့ကြောင်း မော်လမြိုင်အခြေစိုက် ကရုဏာလူမှုကူညီရေးအသင်းမှ သိရသည်။

ဖြစ်စဥ်ကြောင့် ယာဥ်ကိုမောင်းနှင်လာသူမှာ အခင်းဖြစ်နေရာ၌ ကားထဲပိတ်မိ ရေနစ်သေဆုံးသွားခဲ့သဖြင့် ကရုဏာလူမှုကူညီရေးအသင်းကားဖြင့် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“ဖြစ်စဥ်သိတာ ၉ နာရီ။ ကျွန်တော်တို့ ရောက်သွားတော့ ၉ နာရီ ၁၅ ဝန်းကျင်ပါ။ အမြန်ရှာဖွေကယ်ဆယ်ပေမယ့် အသက်မမီဘူးပေါ့။ ပိတ်မိနေရာက ခက်ခက်ခဲခဲ ဆွဲထုတ်ရတာပါ။ ချောင်းထဲထိုးကျသွားတာကိုတော့ တာဝန်ရှိတဲ့လူတွေ စစ်ဆေးနေပါတယ်။ ကျွန်တော်တို့ ရှာဖွေကယ်ဆယ်ရေးလုပ်တဲ့အချိန်ကတော့ ကားမောင်းတဲ့လူတစ်ယောက်ပဲ တွေ့ခဲ့တယ်။ ဘယ်ကလဲဆိုတာကို စုံစမ်းနေပါတယ်”ဟု ကရုဏာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *