MT News

Written by Naing Thuta

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်မှန်ရပ်ကွက်ရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (မန္တလေး)ကျောင်းအား သိပ္ပံနှင့်နည်းပညာဝန်ကြီး ဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ အစိုးရနည်းပညာကောလိပ်(မန္တလေး) အဖြစ်အဆင့်တိုးမြှင့် ဖွင့်လှစ်ခြင်းအခမ်းအနားကို ဒီဇင်ဘာ၂၈ ရက် နံနက် ၉ နာရီတွင် ကျင်းပခဲ့ကြောင်းကျောင်းအုပ်ကြီး ဒေါက်တာထွန်းကျော်မြင့်က ပြောသည်။

” တိုးမြှင့်ဖွင့်လှစ်ခဲ့တာတော့ ဒီနှစ် ဇွန်လ ၂၉ ရက် ကတည်းကပါ။ ဝန်ကြီးဌာနရဲ့ညွှန်ကြားချက်နဲ့အညီ တိုးမြှင့်ခဲ့ပါတယ်။ အကြာင်းအမျိုးမျိုးကြောင့် အခြေအနေအရကျောင်းဖွင့်ပွဲအခမ်းအနားကိုတော့ ဒီနေ့မှ အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခဲ့တာပါ” ဟု ကျောင်းအုပ်ကြီးက ဒီဇင်ဘာ၂၈ ရက်က ဆိုသည်။

ယင်းကျောင်းအား ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၂၆ရက်တွင် အစိုးရစက်မှုလက်မှုသိပ္ပံအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၂ ခုနှစ်၊ ဇွန် ၂၉ ရက်တွင် အစိုးနည်းပညာကောလိပ်အဖြစ် အဆင့်တိုးမြှင့်ခဲ့ရာ ယနေ့မှသာ ကျောင်းဖွင့်ပွဲ အခမ်းအနားပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *