ပိတ်သိမ်းခဲ့သော ဇီးကုန်းဘဏ်(Photo-MCB)

MT News

Written by Thettant

နယ်မြေအေးချမ်းမှုမရှိသော ဒေသအချို့မှ မြန်မာနိုင်ငံများဘဏ်၏ ဘဏ်ခွဲငါးခုကို ဗဟိုဘဏ်ခွင့်ပြုချက်ဖြင့် ပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း မြန်မာနိုင်ငံသားများဘဏ်က ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကြေညာလိုက်သည်။

ဘဏ်ခွဲ ၅၀ ခန့်ဖြင့် လည်ပတ်နေသည့် မြန်မာနိုင်ငံသားများဘဏ်၏ ပိတ်သိမ်းလိုက်သည့် ဘဏ်ခွဲငါးခုမှာ မုံရွာမြို့ရှိ ဘဏ်ခွဲငယ်၊ မူဆယ်ဘဏ်ခွဲ (၁)၊ မန္တလေးဘဏ်ခွဲ(၄)၊ တန့်ဆည်ဘဏ်ခွဲနှင့် ဇီးကုန်းဘဏ်ခွဲတို့ဖြစ်ကြောင်း သိရသည်။

နွေဦးတော်လှန်ရေးစတင်ချိန်မှ ယနေ့အထိ ဘဏ်နှင့်ဘဏ်ခွဲရာနှင့်ချီ လုယက်ဖျက်ဆီးခံထားရပြီး လက်ရှိပိတ်သိမ်းလိုက်သည့်နေရာများမှာ လုံခြုံရေးအရ စိတ်ချရမှုမရှိသောနေရာများပါဝင်သည်ဟု သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *