မြန်မာ-အိန္ဒိယဖော်ဆောင်နေသော ကုလားတန်စီမံကိန်း

MT News

Written by Nay Aung

လက်ရှိနိုင်ငံရေး အကျပ်တည်းနှင့် လုံခြုံရေးအခြေနေများကြောင့် မြန်မာနိုင်ငံတွင် အိန္ဒိယအစိုးရက လုပ်ဆောင်လျက်ရှိနေသော စီမံကိန်းများသည် စိန်ခေါ်မှုများနှင့်ရင်ဆိုင်နေရကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ဆိုသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနသည် ပြီးခဲ့သည့်ရက်ပိုင်းက အိန္ဒိယလွှတ်တော်၏ ပြည်ပရေးရာကော်မတီတွင် အစီရင်ခံစာတင်သွင်းချိန်တွင် ယင်းကဲ့သို့ ပြောဆိုထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် နိုင်ငံရေးအခက်ခဲများရှိနေသော်လည်း အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံတွင် ယခုနှစ်မတ်လက သတင်းအချက်လက်နည်းပညာနှင့် စိုက်ပျိုးရေးသုတေသန အင်စတီကျူးရှင်းတစ်ခုကို အပြီးသတ်လွှဲပြောင်းပေးနိုင်ခဲ့ကြောင်းသိရသည်။

အိန္ဒိယအစိုးရသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကုလားတန်ဘက်စုံစီမံကိန်းကို ဦးဆောင်လုပ်ကိုင်လျက်ရှိသည်။ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက အိန္ဒိယအစိုးရသည် ကုလားတန်ဘက်စုံသုံးစီမံကိန်းနှင့်ပတ်သက်ပြီး ရေလမ်းကြောင်းကို အပြီးသတ်လုပ်ဆောင်နိုင်ခဲ့ပြီဖြစ်ကြောင်း ပြောသည်။

သို့သော်လည်း ကုလားတန်ဘက်စုံ စီမံကိန်းတွင်ပါဝင်သော ကုန်းလမ်းကြောင်းတည်ဆောက်ရေးလုပ်ငန်းသည် မြန်မာနိုင်ငံဘက်ခြမ်း၏ လုံခြုံရေး အခြေနေများအပြင် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကြောင့် တည်ဆောက်ရေးလုပ်ငန်းများ နှောင့်နေးလျက်ရှိနေကြောင်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနကဆိုသည်။

အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ” မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေးအခြေနေနဲ့ လုံခြုံရေးအခြေနေများကြောင့် စီမံကိန်းများအကောင်ထည်ဖော်ဖို့ လုပ်ဆောင်ရာမှာ စိန်ခေါ်မှုအများအပြားနဲ့ရင်ဆိုင်နေရတယ် ” ဟုဆိုသည်။

မြန်မာနိုင်ငံအပြင် အာဖန်ဂန်နစ္စတန်နိုင်ငံ၏ လုံခြုံရေးနှင့် နိုင်ငံရေးအခြေနေများကြောင့် အိန္ဒိယအစိုးရက ကျောထောက်နောက်ခံပြုပြီး လုပ်ဆောင်ရန်စီစဉ်ထားသော စီမံကိန်းများ နှောင့်နေးဖွယ်ရှိနေကြောင်းလည်း သိရသည်။

ref- indiatimes

Leave a Reply

Your email address will not be published. Required fields are marked *