၁၀ .၇ .၂၀၂၄
Written by MMAK

အင်္ဂလန် Vs နယ်သာလန်

ယူရို၂၀၂၄ ဆီမီးဖိုင်နယ် ပွဲစဥ်ဖြစ်ပြီး အနိုင်ရတဲ့အသင်းက ဖိုင်နယ်မှာ စပိန်အသင်းနဲ့ ယှဥ်ပြိုင် ကစားရမှာ ဖြစ်ပါတယ်။ အင်္ဂလန်အသင်းက ပြိုင်ပွဲတစ်လျောက် ငါးပွဲကစားခဲ့ရာမှာ တစ်ပွဲမှကြေးမအောင်ခဲ့ဘဲ ဆလိုဗက်ကီးယားအသင်းကို အချိန်ပို နောက်ဆုံးမိနစ်မှ ချေပဂိုးရပြီး နောက်တစ်ဆင့်တက်ခဲ့တာ ဖြစ်သလို ဆွတ်ဇာလန်အသင်းကိုလည်း ပင်နယ်တီမှ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲကတော့ အင်္ဂလန်အသင်းက ခြေစွမ်းတကယ်ကောင်းလို့ ဖိုင်နယ်တက်မှာလား ဆိုတာ အဆုံးအဖြတ်ပေးမဲ့ ပွဲစဥ်ဖြစ်ပါတယ်။ နယ်သာလန်အသင်းက တိုက်စစ်ကစားပုံကောင်းတဲ့ အသင်းလို့ ပြောလို့ရပြီး တိုက်စစ်က ဂိုးရဖို့ မပူရသလို အင်္ဂလန်အသင်းထက်တောင် ခြေစွမ်းပိုကောင်းနေတယ်လို့ ယူဆထားပေမဲ့ နာမည်ကြီး အင်္ဂလန်အသင်းကပဲ ဘော်ဒီကြေး ပြားသုံးဆယ်အရှုံးနဲ့ ဂိုးပေါင်းကြေး နှစ်လုံးသရေဆိုပြီး ပေးထားပါတယ်။ အင်္ဂလန်အသင်းရဲ့ လက်ရှိခြေစွမ်းနဲ့ နယ်သာလန်အသင်းကို မိနစ်ကိုးဆယ်အတွင်း အနိုင်ရဖို့ဆိုတာ သိပ်မဖြစ်နိုင်သလို နယ်သာလန်အသင်းက အနိုင်ရသွားတာမျိုးကတောင် ပိုဖြစ်နိုင်မယ် ထင်ပါတယ်။ အင်္ဂလန်အသင်းကသာ ဦးဆောင်ဂိုး အရင်ရခဲ့ရင် နယ်သာလန်အသင်းက ချေပဂိုးလိုက်သွင်းနိုင်တဲ့ ခြေစွမ်းရှိပေမဲ့ နယ်သာလန်အသင်းကသာ ဦးဆောင်ဂိုး စရခဲ့ရင် အင်္ဂလန်အသင်း ချေပဂိုးရဖို့တောင် အသည်း အသန်ကြိုးစားရပါလိမ့်မယ်။ ဒီနှစ်သင်း ထိပ်တိုက်တွေ့ဆုံရာမှာ သရေပွဲမရှိခဲ့ဘဲ အရှုံးအနိုင်ရလဒ်တွေ ကွဲကွဲပြားပြား ထွက်ပေါ်ခဲ့တာကြောင့် ဒီပွဲကိုလည်း မိနစ်ကိုးဆယ်အတွင်း အဖြေပေါ်သွားနိုင်တယ်လို့ ယူဆပါတယ်။ လက်ရှိခြေစွမ်းအရ သရေကျရင်တောင် ပြားသုံးဆယ် အနိုင်ရမဲ့ နယ်သာလန်ဘော်ဒီကို ရွေးချယ်ရမှာ ဖြစ်ပြီး ဂိုးပေါ်ကို နည်းနည်းလောက် ကာစေချင်ပါတယ်။

ဥရုဂွေး Vs ကိုလံဘီယာ

ကိုပါအမေရိကဖလား ဆီမီးဖိုင်နယ် ပွဲစဥ်ဖြစ်ပြီး အနိုင်ရတဲ့အသင်းက အာဂျင်တီးနားအသင်းနဲ့ ဗိုလ်လုပွဲ ကစားရမှာဖြစ်ပါတယ်။ နှစ်သင်းလုံးက အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားကြတဲ့အတွက် အဆုံးသတ်သေချာတဲ့အသင်းက ကစားပွဲကို အနိုင်ယူသွားမဲ့ပုံစံမျိုး မြင်တွေ့ရနိုင်ပါတယ်။ ဥရုဂွေးအသင်းက ပြိုင်ပွဲတစ်လျှောက် လေးပွဲကစားခဲ့ရာမှာ တိုက်စစ်က ကိုးဂိုးသွင်းနိုင်ခဲ့ပြီး ခံစစ်ကတစ်ဂိုးသာ ပေးထားရပါတယ်။ ကိုလန်ဘီယာအသင်းကလည်း လေးပွဲကစားခဲ့ရာမှာ တိုက်စစ်က ဆယ့်တစ်ဂိုး သွင်းထားနိုင်ပြီး ခံစစ်က နှစ်ဂိုးပေးထားရပါတယ်။ နှစ်သင်းလုံး ခံစစ်ကောင်းကြတာ မှန်ပေမဲ့ နှစ်သင်းပေါင်းရင် တိုက်စစ်က ဂိုးနှစ်ဆယ်သွင်းထားချိန်မှာ ဒီပွဲရဲ့ ဂိုးပေါင်းကြေးက နှစ်လုံးနှစ်ဆယ်စားဖြစ်ပြီး ဘော်ဒီကြေးမှာတော့ ဥရုဂွေးအသင်းက ပြားနှစ်ဆယ် အရှုံးပေးထားပါတယ်။ တောင်အမေရိကအသင်းတွေ ကန်ကြတဲ့ပွဲစဥ်က ဥရောပပွဲတွေလို ထိန်းကစားနေတာမျိုး၊ ခံစစ်အလွန်အကျွံပိတ်ကစားနေတာမျိုး မဟုတ်ဘဲ အားသွန် ခွန်စိုက် ပြေးလွှားနေရင်း အပြန်အလှန်တိုက်စစ်ဆင် ကစားနေကြတဲ့ ပုံစံမျိုး ဖြစ်ပါတယ်။ ခြေရည်တူနှစ်သင်း ဖြစ်တဲ့အပြင် တိုက်စစ်ကောင်းတဲ့ အသင်းတွေဖြစ်တဲ့အတွက် မိနစ်ကိုးဆယ်အတွင်း အဖြေပေါ်မဲ့ပွဲလို့ ယူဆထားပြီး တစ်သင်းသင်း ဂိုးစရရင် နောက်တစ်သင်းက တိုက်စစ်ဖွင့်ကစားမဲ့ ပုံစံမျိုး မြင်တွေ့ရနိုင်တာကြောင့် အပြန်အလှန်သွင်းဂိုးတွေ ဖြစ်ပေါ်လာနိုင်ပြီး အနည်းဆုံး နှစ်ဂိုးတော့ မြင်ရလိမ့်မယ် ထင်ပါတယ်။ ဒီပွဲမှာ ကိုလန်ဘီယာ တစ်ဂိုးရတာနဲ့ အရှုံးမရှိနိုင်တဲ့ ရွေးချယ်မှု အဖြစ် အောက်ကြေး ကိုလန်ဘံယာနဲ့  ဂိုးပေါ်ကို ရွေးချယ်စေချင်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *