Photo - Credit

၁၀.၇.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ (၇) ရပ်ကွက်၊ ပဲခူးမြစ်လမ်းတွင် ဆီဘောက်ဆာယာဥ်ကို ဝရိန်ဆော်ရာမှ ပေါက်ကွဲမှုဖြစ်ပွားပြီး ဝရိန်ဆော်သည့် အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဇွန်လ ၁၀ ရက် နေ့လယ် ၁ နာရီ မိနစ် ၂၀ အချိန်တွင် ပဲခူးမြစ်လမ်း၌ ဆီဘောက်ဆာယာဥ်အား ဝရိန်ဆော်ရာမှ ပေါက်ကွဲမှုဖြစ်ပွားကြောင်း သတင်းရရှိသောကြောင့် ဒေသခံမီးသတ်တပ်ဖွဲ့နှင့် ဒေသခံလူမှုကူညီရေးအသင်းတို့မှ ဖြစ်စဥ်နေရာသို့ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

“ဝရိန်ဆော်တဲ့ အမျိုးသားတစ်ယောက်သေတယ်” ဟု ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

သေဆုံးသည့် အမျိုးသားကို ရှင်သန်ခွင့်လူမှုကူညီရေးအသင်းမှ အသင်းယာဥ်ဖြင့် စံပြဆေးရုံသို့ပို့ဆောင်ကူညီပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *