ပုံစာ။ မြင်းခြံတပ်ရင်းနှစ်ခုမှ PDF များနှင့် ယခင် တပ်ပြေးကြေညာချက်များ။
နေမိုး
၁၉. ၁၂. ၂၀၂၅
လူထုက ထောက်ခံသည်ဟုကြွေးကြော်ကာ လက်နက်ကိုင်ခဲ့သော PDF (ပသုံးလုံး) များမှာ မုဒိမ်း၊ လူသတ်၊ လုယက်၊ မူးယစ်ဆေးမှုမျာ၊ ပြန်ပေးဆွဲ၊ ဆက်ကြေးကောက်၊ သစ်မှောင်ခို၊ ရွှေမှောင်ခို၊ သယံဇာတမှောင်ခိုများဖြင့် နာမည်ပျက်လာသည့်အပြင် PDF များကို ထိန်းချုပ်သော NUG ခေါင်းဆောင်များနှင့် ထောက်ပို့များက လူထုလှူတန်းငွေများ ကိုယ်ကျိုးသုံးမှုဖြင့် နာမည်ပျက်လာချိန်တွင် PDF အများအပြားလည်း တပ်ပြေးမှုမကြာခဏဖြစ်ပွားနေပြီး ယခုလည်း မြင်းခြံတပ်ရင်းနှစ်ခုက တပ်ပြေး PDF များ တပ်ပြန်လာရန်နှင့် သတ်မှတ်ရက် ပြန်မလာပါက အရေးယူမည်ဟု ကြေညာလာသည်။
မြင်းခြံ PDF တပ်ရင်းနှစ်ခုဖြစ်သော မြင်းခြံခရိုင် အမှတ် ၄ နှင့် အမှတ် ၁၀ တပ်ရင်းမှ တပ်ရင်းနှင့် ကင်းကွာ၊ ခွင့်လွန်၊ တပ်ပြေး PDF အားလုံး မိမိတို့၏ မိခင်တပ်ရင်းသို့ ပြည်လည်လာရောက် တာဝန်ထမ်းဆောင်ကြရန် ဆင့်ခေါ်စာတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ မြင်းခြံခရိုင် အမှတ် ၄၊ ၁၀ တပ်ရင်းသို့ မိမိသဘောဆန္ဒဖြင့် ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ကြပြီး အကြောင်းအမျိုးမျိုးကြောင့် တပ်ရင်းမှ ကင်းကွာ၊ ခွင့်လွန်၊ တပ်ပြေးနေကြသော ရဲဘော်များအနေဖြင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁၅ ရက်နေ့ ညနေ (၆) နာရီ နောက်ဆုံးထား၍ သတင်းပို့ရောက်ရှိပြီး မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဌာန် (၄)ချက်နှင့်အညီ ပြန်လည်တာဝန်ထမ်းဆောင်ရမည်ဟု ဆိုသည်။
မိခင်တပ်ရင်းသို့ သတ်မှတ်ရက်အတွင်း သတင်းပို့ရောက်ရှိလာသော တပ်ရင်းကင်းကွာ၊ ခွင့်လွန်၊ တပ်ပြေး ရဲဘော်များအနေဖြင့် ပြစ်ဒဏ်လျှော့ပေါ့ခြင်း၊ ပြစ်ဒဏ်မှ ကင်းလွတ်ခြင်းများ၊ ခံစားခွင့်ရရှိမည်ဖြစ်ပြီး၊ သတ်မှတ်ချိန်အတွင်း သတင်းပို့ရောက်ရှိခြင်း ပျက်ကွက်ခဲ့ပါက မြင်းခြံခရိုင် အမှတ် ၄၊ ၁၀ တပ်ရင်းမှ ချမှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဖမ်းဆီးအပြစ်ပေး အရေးယူခြင်း၊ တပ်ပြေးထုတ်ပြန်ကြေညာခြင်းများအား အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပုံစာ။ မြင်းခြံတပ်ရင်းနှစ်ခုမှ PDF များနှင့် ယခင် တပ်ပြေးကြေညာချက်များ။







