October 22, 2024

၂၀. ၆. ၂၀၂၄
Written by Tha Doe

PDF များ ပစ်ခတ်၍ ပျံလွန်တော်မူရသော ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော်ဘုရားကြီး၏ အန္တိမအဂ္ဂိစျာပနအား ဇွန်လ ၂၇ ရက် (နယုန်လပြည့်ကျော် ၆ ရက်) တွင် ကျင်းပမည်ဖြစ်ကြောင်း ယနေ့နေ့လယ်ပိုင်းက ကျင်းပသည့် စျာပနဖြစ်မြောက်ရေးသံဃာ့အစည်းအဝေးမှ သိရသည်။

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသမှာ ယနေ့ ဇွန်လ ၂၀ ရက်တွင် ကျင်းပမည့် မန္တလေးမြို့ရှိ ရွှေကျင်နိကာယာ ဗဟိုဌာန၏ အစည်းအဝေးသို့ တက်ရောက်ရန် ဇွန်လ ၁၉ ရက်တွင် ရန်ကုန်မြို့မှ လေယာဉ်ဖြင့် ထွက်ခွာခဲ့ရာ တံတားဦးလေဆိပ်သို့ နံနက် ၁၀ နာရီတွင် ရောက်ရှိခဲ့သည်။ ယင်းနောက် ဆရာတော် ဘဒ္ဒန္တဂုဏိကာဘိဝံသ၏ မွေးရပ်ဇာတိ ငါန်းဇွန် – ကမ္မရွာအသွားတွင် PDF များ၏ ပစ်ခတ်မှုကို ခံခဲ့ရပြီး ဦးခေါင်းထိမှန်ဒဏ်ရာများဖြင့် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရသည်ဟု SAC က ထုတ်ပြန်ထားသည်။

နွေဦးတော်လှန်ရေးကာလအတွင်း NUG နှင့် PDF များကိုမထောက်ခံသူ ရဟန်းသံဃာများနှင့် သီလရှင်များကို PDF နှင့် တိုင်းရင်းသားလက်နက်ကိုင်များက တိုက်ခိုက်သတ်ဖြတ်ကြရာ ယနေ့အထိ သံဃာ ၉၂ ပါး၊ သီလရှင်တစ်ပါးပျံလွန်တော်မူထားပြီး သံဃာ ၂၇ ပါးနှင့် သီလရှင်တစ်ပါး ဒဏ်ရာရရှိထားသလို သံဃာတော် ၄၂ ပါးမှာလည်း ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေသည်။

Leave a Reply

Your email address will not be published. Required fields are marked *