October 22, 2024

၂၀. ၆. ၂၀၂၄
Written by Nay Moe

ပခုက္ကူမြို့နယ် တင်းဂတ်ဂိတ်စခန်းမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦးကို PDF များ ဖမ်းဆီးပြီး သတ်ဖြတ်လိုက်ကြောင်းနှင့် ထိုသို့လုပ်ဆောင်ရမှုမှာ လက်နက်လုယက်ထွက်ပြေး၍ သတ်ဖြတ်လိုက်ရသည်ဟု ပခုက္ကူမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့တွင် မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ တင်းဂတ်ဂိတ်စခန်းမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်နှစ်ဦးအား အရှင်ဖမ်းဆီးရမိခဲ့ပြီး အဆိုပါနှစ်ဦးမှာ ပြည်သူအပေါ် လက်နက်ပြခြိမ်းခြောက် ငွေညှစ်ပြီး အလွန်ဆိုးသွမ်းကြောင်း၊ စစ်သုံ့ပန်းဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း၍ လိုအပ်သည်များ စစ်ဆေးမေးမြန်းနေစဉ် PDF များထံမှ သေနတ်လုယူ၍ ခုခံထွက်ပြေးရန် ကြိုးပမ်းသဖြင့် ပစ်ခတ်သတ်ဖြတ်လိုက်ကြောင်းလည်း ပခုက္ကူ PDF များ၏ ယနေ့ထုတ်ပြန်ချက်တွင် သတ်ဖြတ်မှုအပေါ်အကြောင်းပြချက်ပေးထားသည်။

အဆိုပါ ဖမ်းဆီးသတ်ဖြတ်မှုကို ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေး – ThuRian-TR (Pakokku) । Young Force -UG နှင့် မြိုင်ပကဖအဖွဲ့သုံးဖွဲ့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *