၂၅.၅.၂၀၂၄
Written By Thandar

ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုများစွာ ရရှိထားတဲ့ စမိုင်းလ်နဲ့ ခင်ပွန်းဖြစ်သူ ကိုပြည့်မောင်တို့က အမေရိကန်နိုင်ငံက Las Vegas ရဲ့ EDC မှာ မင်္ဂလာပြန်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။

“ EDC မှာလုပ်ခဲ့တဲ့ Wedding လေး။ With love of my life ” လို့ သရုပ်ဆောင် စမိုင်းလ်က ပရိသတ်သိအောင်ပြောလာပါတယ်။

သူမရဲ့ ခင်ပွန်းဖြစ်သူက ဇနီးသည်ကို အမြဲတမ်းမရိုးရအောင် Surprise တွေကို လုပ်ပေးလေ့ရှိပြီးတော့ မကြာခင်ရက်ပိုင်းကလည်း Surprise အနေနဲ့ NewYork မြို့လယ်ခေါင်က ဘေလ်ဘုတ်ကြီးနဲ့ စမိုင်းရဲ့ပုံရိပ်တွေ သိန်းပေါင်းများစွာ အကုန် အကျခံ တင်ပေးခဲ့တာလည်းဖြစ်ပါတယ်။

“အမက ညီမလေးစမိုင်းလ်တို့ စုံတွဲဝတ်စုံလေးအတွက် မြန်မာပြည်ကနေပဲ ပို့ပေးလိုက်တာပါ။ စမိုင်းလ်က လွန်ခဲ့တဲ့ ၂ လပိုင်းလောက်က ပြောလာတယ်။ သူမင်္ဂလာဆောင်လေး ပြန်လုပ်မယ်လို့ ပြောလာတယ်။ သူတို့အတွက် ဝတ်စုံလေး စီစဥ်ပေးပါဦးဆိုတော့ သူကချိတ်လေးလည်း ပါချင်တယ်။ သူ့ဝတ်စုံလေးမှာ မြန်မာချိတ်ကလေး ပါချင်တယ်။ အရောင်တွေကတော့ ခရမ်း၊ ကြက်သွေးရောင်လေးတွေ ဝတ်ချင်တယ်ပြောတယ်။ နောက်ခံပန်းတော်တော်များများက ပန်းခရမ်းရောင်ဆိုတော့ ခရမ်းရောင်ချင်းထပ်သွားမလားလို့ ကြက်သွေး အနီလေးဝတ်ချင်တယ်ပြောလာတော့ အမချိတ်လေးပေါ်အောင် ဒီဇိုင်းလေး စီစဥ်ပေးခဲ့တာပါ။ သူတို့ နှစ်ယောက်သား Las Vegas ရဲ့ EDC မှာ မင်္ဂလာပြန်ဆောင်တဲ့ပုံလေးတွေ တက်လာတော့ အမစိတ်ထဲ ဝမ်းသာပီတိ ဖြစ်တယ်။ ကိုယ့်ဖန်တီးဝတ်စုံလေးနဲ့ မင်္ဂလာပွဲလေးလုပ်တော့ ကျေနပ်ပီတိဖြစ်ရပါတယ်” လို့ ဒီဇိုင်နာ မေမြတ်ဝါဆိုက MT Entertainment ကို ပြောပါတယ်။

သူတို့ဇနီးမောင်နှံရဲ့ Post အောက်မှာတော့ “ငါလည်းတ‌နေ့ မမစမိုင်းလို ချမ်းသာပြီးပျော်ရွှင်ရမှာ”၊ “မြန်မာပြည်မှာ အားအကျရဆုံး အမျိုးသမီး သူ့ဘဝနဲ့ သူ့နာမည် အရမ်းလိုက်ဖက်တယ်”၊ “ဘဝကို ကျေနပ်လောက်အောင်ထိ ဒီလိုပဲနေသွားပါအမ”၊ “စမိုင်းလ်လေးရယ် ကြည့်တိုင်း စိတ်ချမ်းသာမိပါတယ် ချမ်းသာလို့ချစ်တတ်တာမဟုတ်သလို ချစ်တတ်လို့ ချမ်းသာအောင်ကြိုးစားခဲ့တာပါ”၊ “အချိန်တိုင်းမှာ လုပ်သမျှတင့်တယ်နေတယ်”၊ “ဘဝမှာအမိမိုက်ဆုံး လူသားနှစ်ယောက်” စတာတွေကို ပရိသတ်တွေက ရင်ဖွင့်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *