၂၅. ၅. ၂၀၂၄
Written by Nay Moe

NUG လက်အောက်ခံ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့က မုံရွာ ခမရ (၉၂၅) က ကိုယ်ပိုင်အမှတ် တ/၂၅၆၇၅၉ ဒုတပ်ကြပ် စန်းချစ်နိုင်ကို မြို့ပေါ်တက် ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒီနေ့ မေလ ၂၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။

“ပြည်သူ့စစ်တွေကိုသင်တန်းပေးနေတဲ့ ဒုတပ်ကြပ် စန်းချစ်နိုင်ကို မုံရွာမြို့နယ် ပလဖ ဒုတာဝန်ခံ ကိုသီဟနဲ့ ရပ်ကျေးပလဖတို့ ဝင်ရောက်ဖမ်းဆီးနိုင်ခဲ့ပြီ။ ပလဖတွေကတော့ လက်နက်ကိုင်ပြီး ရမ်းကားကြပြန်ပြီ”လို့ မုံရွာမြို့နယ် ပလဖက သူတို့ ဖမ်းဆီးနိုင်မှုအပေါ်  လုံခြုံရေးတပ်ဖွဲ့ကို လှောင်ပြောင်တဲ့ သဘောနဲ့ လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ဟာ မုံရွာမြို့ပေါ်တက်ဖမ်းဆီးမှု မကြာခဏပြုလုပ်နေပြီး အစိုးရဝန်ထမ်းတွေနဲ့ ဆက်နွှယ်သူတွေအဖြစ်တော့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလထဲမှာ ရဲတပ်ကြပ်သန်းဝင်းအောင်၊ မုံရွာမြို့နယ် စည်ပင်သာယာ‌ရေးကော်မတီ ဒုဦးစီးမှုးဦးမိုးဇော်တို့ ဖမ်းဆီးခဲ့သလို မေလ ၁၉ ရက်က ရဲအရာခံ(ငြိမ်း) ဦးဝင်းနိုင်နဲ့ လက်ရှိဖမ်းဆီးလိုက်သူ ဒုတပ်ကြပ်စန်းချစ်နိုင်တို့ဖြစ်ပြီး ဦးဝင်းနိုင်ကိုတော့ ကျပ်သိန်း ၂၀၀ မပေးရင် သတ်ပစ်မယ်လို့ ပြန်ပေးဆွဲထားကြောင်း ဇနီးဖြစ်သူ ဒေါ်ခင်စန်းလွန်က MT News ကို ပြောထားပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *