၂၂. ၅. ၂၀၂၄
Photo @ Written by TZ

နေပြည်တော်ကောင်စီနယ်​မြေ၊ လယ်ဝေးမြို့၊ အမှတ် (၂) နှင့် အမှတ် (၃) ကြားရှိ ရှေးဟောင်း “ဖောင်တော်ချက်မစေတီတော်မြတ်”ကို ၁၁ ရက်ကြာ ပွဲကျင်းပမည်ဖြစ်ကြောင်း ဂေါပကအဖွဲ့တွဲဖက်အတွင်းရေးမှူး ဦးလှဝင်းမှ MT News သို့ဖြေကြားသည်။

ကိုဗစ်ကာလမှစတင်၍ ပိတ်ထားသည့် လယ်ဝေးမြို့ရှိ “ဖောင်တော်ချက်မစေတီတော်မြတ်”ဘုရားပွဲကို ၂၀၂၄ မေလ ၂၁ ရက်မှ မေလ ၃၁ ရက်အထိ ကျင်းပသွားမည်ဖြစ်​သည်။

ထိုလယ်ဝေးမြို့ရှိ “ဖောင်တော်ချက်မစေတီတော်မြတ်”သို့ MT News မှ မြေပြင်ကွင်းဆင်း၍ ဂေါပကအဖွဲ့အတွင်းရေးမှူး ဦးလှဝင်းအား မေးမြန်းရာ “ကိုဗစ်ကာလထဲက ပိတ်လိုက်တာဆိုတော့ ၅ နှစ်ရှိပြီ။ ခုမှပြန်ပြီး ကျင်းပတာ။ အရင်ကဆို ပွဲကို ၁ လတိတိကျင်းပတာ။ ခုက ၁၁ ရက်ထိပဲ ကျင်းပတော့တာ။ ပွဲစျေးဆိုရင် (၃) ချိိုး (၁) ချိုးလောက်ပဲရှိတယ်။ ကဆုန်ညောင်ရေသွန်းဘုရားပွဲကျင်းပတာ (၈၇) ကြိမ်မြောက်ရှိပြီ။ ဒီဇာတ်ခုံက ဖိုးချစ်တို့ပဲ လာပြီးခင်းကျင်းထားတာ။ အဆိုတော်တွေလည်း လာရောက်ဖျော်ဖြေမှာ ညလုံးပေါက် “ဟုပြောသည်။

အဆိုပါ လယ်ဝေးမြို့ကျက်သရေဆောင်သမိုင်းဝင် “ဖောင်တော်ချက်မစေတီတော်မြတ်ကြီး၏ကဆုန်ညောင်ရေသွန်းပွဲတော်ကြီး” ရှိ ဇာတ်ခုံတွင် ရွှမန်းမောင်မယ်ဆက်ကပ်အဖွဲ့နှင့်ဖြူဖြူထွေးတို့ သီဆိုဖျော်ဖြေမည်ဖြစ်ပြီး ထိုဇာတ်ပွဲရုံသို့ လူကြီး (၅၀၀၀၀)၊ ကလေး ( ၃၀၀၀) ၊ ဖျာ (၁၀၀၀၀) ၊ နောက် ( ၅၀၀၀) နှင့် ခုံ (၃၀၀၀) တို့ဖြစ်ကြောင်းလည်း သိရသည်။

ထို့နောက် “ဖောင်တော်ချက်မကြီးစေတီတော်မြတ်ကြီး၏ ကဆုန်ညောင်ရေသွန်းပွဲတော်ကြီး”တွင် စျေးလာရောက်ရောင်းချသည့် စျေးသည်များအနက် တစ်ဦးကလည်း “စျေးကတော့ သိပ်ရောင်းမကောင်းဘူး။ ဟိုးအရင်နှစ်တွေကဆိုရင် ပွဲအစမှာတောင် စျေးတွေက တော်တော်လေးရောင်းကောင်းတယ်”ဟု စျေးသည်တစ်ဦးက MT News သို့ဖြေကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *