September 8, 2024

၁၃.၅.၂၀၂၄
Written by TZ

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့၊ ဖန်မင်အုပ်စု၊ ဝမ်ကျောက်လုံကျေးရွာတွင် နေအိမ်ခြံဝင်းအတွင်း ရေတွင်းကျောက်ခွေရာမှ တွင်းပြိုကျရာ ပိမိ၍ အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

မေလ ၁၂ ရက် နံနက် ၁၀ နာရီခန့်တွင် ရေတွင်းပြိုကျ၍ အမျိုးသားတစ်ဦး ပိတ်မိနေကြောင်း သတင်းရရှိသောကြောင့် ဖြစ်စဥ်နေရာသို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ရွှေမယ်ယန်းပရဟိတ၊ မေတ္တာရှင်လူမှုကူညီရေးအသင်း၊ ကျေးရွာရှိလူငယ်များနှင့် ကိုစိုးဝင်းရေတွင်းတူးအဖွဲ့တို့မှ ဝိုင်းဝန်းကူညီကျရာ နေ့လယ် ၂ နာရီ ၅ မိနစ်အချိန်တွင် ရေတွင်းထဲသို့ပြုတ်ကျသည့် အမျိုးသား၏ ဦးခေါင်းကို စတင်တွေ့ရှိပြီး ၄ နာရီခန့်တွင် ရုပ်အလောင်းကို မြေပြင်ပေါ်သို့ တင်ဆောင်နိုင်ခဲ့ကြောင်း သိရသည်။

“အနက်ပေ ၃၀ နဲ့ အကျယ် ၅ ပေခန့်ရှိတယ်။ ကျောက်ခွေချရင်းဖြစ်တာ။ အဲ့ဒီမှာ သူပါပြုတ်ကျပြီးတော့ တွင်းလည်းပြို ကျောက်ခွေတွေလည်း သူ့ပေါ်ကျပြီး သေတာ” ဟု ဝမ်ကျောက်လုံကျေးရွာရှိ ဒေသခံတစ်ဦးမှ MT News သို့ဖြေကြားသည်။

ထိုသေဆုံးသည့် အမျိုးသား၏ရုပ်အလောင်းကို တာချီလိတ်ဆေးရုံကြီး မော်ကျူရီသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ -ရွှေမယ်ယန်းပရဟိတ

Leave a Reply

Your email address will not be published. Required fields are marked *