September 8, 2024

၁၃.၅.၂၀၂၄.
Translated by Htwe Ko Tun

ရုရှားသမ္မတ ဗလာဒီမာပူတင်က ရုရှားနိုင်ငံအစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီးအဖြစ် နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့သူ ဆာဂျီရှိုဂူ၏နေရာတွင် စစ်မှုထမ်း ဟောင်း စီးပွားရေးပညာရှင်တစ်ဦးဖြစ်သော အန်ဒရီ ဘီလိုဆော့ဗ်အား ခန့်ထားကြောင်း မေလ ၁၂ ရက်က အမိန့်စာထုတ်ပြန် ကြေညာခဲ့သည်။

ပူတင်က ၎င်း၏ကာလကြာရှည်မဟာမိတ်တစ်ဦးလည်းဖြစ်သော ဆာဂျီရှိုဂူအား ရုရှားနိုင်ငံ၏ဩဇာအာဏာကြီးမားသော လုံခြုံရေးကောင်စီ၏ အကြီးအကဲအဖြစ်ပြောင်းရွှေ့တာဝန်ပေးခဲ့ခြင်းဖြစ်သည်။ လုံခြုံရေးကောင်စီ၏ လက်ရှိခေါင်းဆောင်အဖြစ် ပူတင်၏ အနီးကပ်အကြံပေးပုဂ္ဂိုလ်လည်းဖြစ်သော နီကိုလိုင် ပါထရူရှက်ဗ်က ဆောင်ရွက်နေခြင်းဖြစ်သည်။

ဆာဂျီရှိုဂူက ကာကွယ်ရေးဝန်ကြီးအဖြစ် ၂၀၁၂ ခုနှစ်က စတင်၍ တာဝန်ထမ်းဆောင်ခဲ့ကာ ယူကရိန်းနိုင်ငံနှင့်စစ်ပွဲကို ဦးဆောင်ခဲ့သူဖြစ်သည်။ ၎င်းက ရုရှားတပ်မတော် ခေတ်မီစေရေးဆောင်ရွက်ခဲ့ကာ သမ္မတ ပူတင်ထံ တိုက်ရိုက်ဝင်ရောက်တွေ့ဆုံခွင့်ရှိသူဟုလည်းယုံကြည်ရသည်။ ၂၀၁၄ ခုနှစ်က ခရိုင်းမီးယားဒေသသို့ ဝင်ရောက်တိုက်ခိုက်ခဲ့အပြီး ရုရှားတွင် ၎င်းအားပို၍ လူကြိုက်များလာသည်။

သို့သော် ၂၀၂၂ ခုနှစ်တွင် ယူကရိန်းသို့ ဝင်ရောက်တိုက်ခိုက်မှု၌ ရုရှားတပ်မတော်၏ဆုတ်ဆိုင်းနေမှုများ နှင့်စစ်တပ်အတွင်း အမြစ်တွယ်နေသော ကျယ်ပြန့်လှသည့် လာဘ်စားမှုအား လုံးဝပပျောက်စေရန် မ ဆောင်ရွက်နိုင်မှုများကြောင့် ၎င်းအပေါ် ဝေဖန်မှုများလည်းရှိလာခဲ့သည်။ ၎င်း၏လူယုံတစ်ဦးဟုလည်းဆိုရမည့် ဒုတိယကာကွယ်ရေးဝန်ကြီးတစ်ဦးဖြစ်သော တီမား အီဗန်နော့ဗ်အား ဧပြီလအတွင်း လုံခြုံရေးလုပ်ငန်းအဖွဲ့များက အဂတိလိုက်စားမှုဖြင့် ဖမ်းဆီးခြင်းပြုခဲ့ရာတွင်မူ ဆာဂျီရှိုဂူအဖို့ ၎င်း၏ရာထူးနေရာအတွက် ပို၍ထိခိုက်ခဲ့ရသည်ဟုပင် ဆိုရမည်ဖြစ်သည်။

ရုရှားအစိုးရအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က စစ်မှုထမ်းဟောင်း စီးပွားရေး ပညာရှင်တစ်ဦးဖြစ်သော အန်ဒရီ ဘီလိုဆော့ဗ်အား သမ္မတပူတင်က ကာကွယ်ရေးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့ခြင်းမှာ ရုရှား၏ စစ်ပွဲကာလ ကုန်ကျစရိတ်များပြားလာခဲ့ပြီးနောက် ရုရှားကာကွယ်ရေးဝန်ကြီးဌာနအား ပြန်လည်ဦးဆောင်ရန်ဖြစ်မည်ဟု ပြောခဲ့သည်။

ပက်စ်ကော့ဗ်က “လုံခြုံရေးအသုံးစရိတ်က နိုင်ငံ၏ အသုံးစရိတ်နဲ့ လိုက်လျောဆီလျော်မှုရှိရန်အရေးကြီးပါတယ်။ ဒါမှလက်ရှိလမ်းကြောင်းကို စွမ်းအားရှိစေမှာပါ”ဟု ပြောခဲ့သည်။

Ref, The Guardian

Leave a Reply

Your email address will not be published. Required fields are marked *