ကိုဗစ်-၁၉ကြောင့်ပိတ်ရတော့မည့် ရှန်ဟိုင်းမြို့ရှိကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။

MT News

Translated by Htwe Ko Tun

တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကိုဗစ်-၁၉ ကပ်ရောဂါဆိုးနှင့် ပတ်သက်သော စည်းမျဉ်းများကို ဖြေလျှော့ပေးခဲ့ပြီးနောက် လျင်မြန်စွာ ပြန်လည်မြင့်တက်လာသော ရောဂါပိုးကူးစက်မှုကြောင့် နိုင်ငံ၏အကြီးမားဆုံးမြို့ဖြစ်သော ရှန်ဟိုင်းမြို့တွင် ကျောင်းအများစုမှာ ဒီဇင်ဘာ ၁၉ ရက်၌ ပြန်လည်ပိတ်ရမည်ဖြစ်သည်။

လာမည့်နွေရာသီတွင် ဘွဲ့ရရှိမည့်သူများမှလွဲ၍ အလယ်တန်းနှင့် အထက်တန်းကျောင်းများအားလုံးရှိ ကျောင်းသားကျောင်းသူများမှာ ဒီဇင်ဘာ ၁၉ ရက်မှစ၍ အိမ်မှသာ စာသင်ကြားကြရမည်ဖြစ်ကြောင်း မူကြိုကျောင်းများလည်း ပိတ်ရမည်ဖြစ်ကြောင်း ပညာရေးဌာနက ကြေညာခဲ့သည်။

အလားတူပင် လူဦးရေ ၂၂ သန်းရှိ ပေကျင်းမြို့တွင်လည်း ကိုဗစ်-၁၉ ကြောင့် လမ်းမများပေါ်တွင် လူသူခြောက်သွေ့နေသည်ကို တွေ့ကြရသည်။

Ref, Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *

Related News