၁၀. ၅. ၂၀၂၄
Written by TZ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့၊ ရွှေတောင်စုရပ်ကွက် (၁၀) လမ်း နောက်ကြောရှိ ဘိလပ်မြေရထားသံလမ်းဟောင်းပေါ်တွင် စိတ်မနှံ့သည့် အမျိုးသားတစ်ဦး သေဆုံးနေမှု ယမန်နေ့ကတွေ့ရှိခဲ့ကြောင်း သိရသည်။

ထိုရုပ်အလောင်းကို ယမန်နေ့ မေလ ၉ ရက်နေ့တွင် မေတ္တာမွန်လူမှုကူညီရေးပရဟိတအဖွဲ့မှ ကြံခင်းမြို့ပြည်သူ့ဆေးရုံရှိ မော်ကျူရီသို့ ပို့ဆောင်ပြီးနောက် မြို့မရပ်ကွက်၊ ရေဖြူကန်ရွာသုသာန်၌ မြေမြုပ်သင်္ဂြိုဟ်လိုက်ကြောင်း သိရသည်။

“စိတ်မနှံ့တဲ့အမျိုးသား။ သေတာက။ သေတာနဲ့ပတ်သက်ပြီး ဆရာဝန်ရဲ့စစ်ဆေးချက်ရမှ သိရမှာ။ အလောင်းကတော့ ပိုင်ရှင်မဲ့ပါ။ ဒဏ်ရာကတော့မရှိဘူး။ အာဟာရပြတ်ပြီး သေတာနဲ့တူတယ်။ အသက်က ၄၀ ဝန်းကျင်လောက်ရှိတယ်” ဟု မေတ္တာမွန်လူမှုကူညီရေးပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

အလားတူ မေလ ၁ ရက်နေ့ကလည်း ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်၊ ကျုံးရိုး(We Love Bago) ရင်ခွဲရုံအရှေ့ မြက်ခင်းပြင်တွင်လည်း စိတ်မနှံ့သည့် အိမ်ခြေမဲ့အမျိုးသားတစ်ဦး လဲကျ သေဆုံးခဲ့သည့် ဖြစ်စဥ်လည်းရှိခဲ့သည်။

ဓာတ်ပုံ – မေတ္တာမွန်လူမှုကူညီရေးပရဟိတအဖွဲ့

Leave a Reply

Your email address will not be published. Required fields are marked *