၁၀. ၅. ၂၀၂၄
Written by Pan Ei

မလေးရှားနိုင်ငံ၊ ကယ်လန်တန်ပြည်နယ်၊ Aring 8 ဒေသမှာ မေလ ၈ ရက်က ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေးမြန်မာအလုပ်သမား အမျိုးသမီးတစ်ဦး ဆင်နင်းခံခဲ့ရတယ်လို့ ပြည်နယ် တောရိုင်းတိရစ္ဆာန်နဲ့ အမျိုးသားဥယျာဉ်များဌာနက မနေ့က ပြောကြားခဲ့ကာ ဆင်နင်းခံရတဲ့ အမျိုးသမီးမှာ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အခင်းဖြစ်ပွားရာနေရာမှာ ဂွာမူဆန်မြို့ကနေ ကီလိုမီတာ ၁၃၀ ခန့်အကွာမှာဖြစ်ပြီး အဆိုပါနေရာကို ရောက်ရှိဖို့ ရိန်းဂျားအဖွဲ့က နှစ်နာရီလောက်ကြာ သွားခဲ့ရကာ မနေ့က မွန်းလွဲပိုင်းလောက်မှာ ရောက်ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခင်းဖြစ်ပွားရာနေရာဆီ ရိန်းဂျားအဖွဲ့ကို ဆင်းနင်းခံရတဲ့ အမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူက ခေါ်ဆောင်သွားကြောင်း အဆိုပါဌာနက ဆက်လက်ပြောကြားခဲ့ပေမဲ့ အဆိုပါဖြစ်စဉ်မှာ ဆင်နင်းခံရသူရဲ့အသက်နဲ့ ဒဏ်ရာရရှိမှု အသေးစိတ် အချက်အလက်တွေကိုတော့ ဌာနက ပြောကြားခြင်း မရှိခဲ့ပါဘူး။

မှတ်တမ်းတွေအရ ဆင်နင်းခံရမှုကြောင့် လူသေဆုံးတဲ့ဖြစ်စဉ်နှစ်ခု အရင်က ဖြစ်ခဲ့ဖူးတယ်လို့ သိရပြီး ပြီးခဲ့တဲ့နှစ် သြဂုတ်လ ၂ ရက် Lojing Highlands မှာ ဆင်နင်းမိလို့ အမျိုးသားတစ်ဦး သေဆုံးခဲ့ကာ လေးလခန့်အကြာမှာတော့ Kampung Sungai Bayu မှာ အလားတူဖြစ်စဉ်ကြောင့် အင်ဒိုနီးရှားအလုပ်သမားတစ်ဦး သေဆုံးခဲ့ပါတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Ref; New Straits Times

Leave a Reply

Your email address will not be published. Required fields are marked *

Related News