ဓာတ်ပုံ - ကရုဏာလက်တွဲ(ရှင်ရေး/နာရေး)

၇.၅.၂၀၂၄
Written by TZ

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ကစင် (၂၃) ရပ်ကွက်တွင် နေထိုင်သည့် အမျိုးသမီးတစ်ဦး နေအိမ်၌ ဆွဲကြိုးချအဆုံးစီရင်မှုဖြစ်ပွားခဲ့ကြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးမှ ကရုဏာလက်တွဲ ( ရှင်ရေး/နာရေး) ထံ မေလ ၆ ရက်နေ့တွင် ဖုန်းဆက် အကူအညီတောင်း အကြောင်းကြားခဲ့၍ ထိုအသင်းမှ ဆွဲကြိုးချသည့် အမျိုးသမီးကို လှိုင်သာယာဆေးရုံမှတစ်ဆင့် မြောက်ဥက္ကလာပဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

“အုပ်ချုပ်ရေးမှူးက ဖုန်းဆက်လို့သွားတာ။ ဘာကြောင့်ကြိုးဆွဲချတာလဲဆိုတာမသိဘူး။ အမျိုးသမီးကတော့ မသေဘူး။ ကျွန်တော်တို့သွားတော့ ကြိုးတွေဖြေထားတာ”ဟု ကရုဏာလက်တွဲ( ရှင်ရေး/နာရေး) အသင်းမှ တာဝန်ရှိသူတစ်ဦးက MT News သို့ ဖြေကြားသည်။

မိမိကိုယ်ကိုယ် အဆုံးစီရင်သည့် အမျိုးသမီးမှာ အသက် (၃၀) ဝန်းကျင်ခန့်ရှိပြီး မိသားစုဝင်များ၏ အသိမြန်မှုကြောင့် အချိန်မီကယ်ဆယ်နိုင်၍ အသက်ဘေးမှ ကင်းဝေးသွားကြောင်း သိရသည်။

ဓာတ်ပုံ – ကရုဏာလက်တွဲ(ရှင်ရေး/နာရေး)

Leave a Reply

Your email address will not be published. Required fields are marked *