၆. ၅. ၂၀၂၄
Written by Nyein Kyaw

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၉၇ အရ နှစ်စဉ်အစီရင်ခံစာ (Annual Return) တင်ပြရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီ ၅၀၀ အား မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၄၃၀ (စ) အရမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် အထက်ပါအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှစ၍ ကုမ္ပဏီမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ကြောင်း ကြေညာထားသည်။

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ ပုဒ်မ ၉၇ (က) အရ ကုမ္ပဏီအားလုံးသည် ယင်းအား ဖွဲ့စည်းတည်ထောင်သည့်နေ့မှ နှစ်လအတွင်းနှင့် ၎င်းနောက်ပိုင်း ကာလအတွက် နှစ်စဉ်အနည်းဆုံးတစ်ကြိမ် သို့ရာတွင် ကုမ္ပဏီအား ဖွဲ့စည်းတည်ထောင်သည့် နှစ်ပတ်လည်ကာလ ကုန်ဆုံးပြီးနောက် တစ်လထက်နောက်မကျစေဘဲ ကုမ္ပဏီ၏ အသေးစိတ်ဖော်ပြချက်များပါရှိသော နှစ်စဉ်အစီရင်ခံစာတစ်ခုကို သက်မှတ်ဖော်ပြသည့်ပုံစံဖြင့် မှတ်ပုံတင်အရာရှိထံသို့ တင်ပြရမည်ဖြစ်သည်။

Annual Return တင်ပြရမည့်ရက်ထက် ၂၈ ရက်ကျော်လွန်ပြီးပါက ဆိုင်းငံ့ (Suspended) ဖြစ်သွားသဖြင့် ဆိုင်းငံ့စာရင်းမှ ပယ်ဖျက်ပေးရန် ပုံစံ 1-9D ဖြင့် တင်ပြရသည့်အတွက် မှတ်ပုံတင်ကြေး ကျပ်တစ်သိန်း ထပ်မံပေးသွင်းရယူနိုင်သော်လည်း Suspended ဖြစ်ပြီး ခြောက်လအထိ AR တင်ပြခြင်းမရှိပါက ကုမ္ပဏီအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်မည်ဖြစ်သည်။ ကုမ္ပဏီ ၅၀၀ သည် Suspended ဖြစ်ပြီး ခြောက်လအထိ AR မတင်ပြခြင်းကြောင့် ကုမ္ပဏီ ၅၀၀ အား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်လိုက်ခြင်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *