၆.၅.၂၀၂၄
Written By Thandar

“အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ ” အစီအစဥ်နဲ့ ကျပ်သိန်း ၁၀၀၀ ခန့် အကုန်ကျခံပြီး ဆောက်လုပ်လှူဒါန်းခဲ့တဲ့  ဖြူးမြို့နယ် ရေကျော်ကျေးရွာရှိ ရတနာမာရ်အောင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း ကျောင်း ဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ မေလ ၆ ရက် နံနက်ပိုင်းက ဖြုးမြို့နယ်မှာ ဖွင့်လှစ်ခဲ့ ပါတယ်။

“ကျွန်တော်တို့ Ooredoo Myanmar က အူရီဒူးက လှူနေမှာ ၁ မိနစ်ပြောတိုင်း ၁ ကျပ်ပါ အစီအစဥ်နဲ့ မြန်မာပြည်က ဘကကျောင်းတွေ အမှန်တကယ်လိုအပ်နေတဲ့ နေရာတွေမှာ ပညာရေးအတွက် ဖြည့်ဆည်းပြီး ကျောင်းဆောင် သစ် ဆောက်လုပ်လှူဒါန်းခဲ့ကြတာပါ။ Digital learning Program နဲ့ ဘကကျောင်း ကလေးတွေကို ဆက်လက် ကူညီ ထောက်ပံ့ပေးဖို့အတွက် ဆရာ ဆရာမ လောက်ငှမှုမရှိတာကို တစ်ဖက်တစ်လမ်းက အကူအညီဖြစ်စေဖို့လည်း ရည်ရွယ်ပြီး လုပ်ဆောင်နေပါတယ်”လို့ Ooredoo Myanmar  တာဝန်ရှိသူတစ်ဦးက MT Entertainment ကိုပြောပါတယ်။

အဆိုပါ စာသင်ကျောင်းကတော့  Ooredoo Myanmar ရဲ့ ၄၁ ကျောင်းမြောက် ကျောင်းဆောင်သစ်ဖြစ်ပြီး ပင့်သံဃာတော် ဆရာတော်တွေ နေ့ဆွမ်းဆပ်ကပ်ကာ အခြားလှူဖွယ်တွေပါ လှူဒါန်းပြီး ရေစက်သွန်းချ တရားတော်နာယူခဲ့ကြပါတယ်။ ရတနာမာရ်အောင် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းမှာတော့ ဆရာမ ၄ ဦးရှိပြီး  KG တန်းမှ ငါးတန်းအထိ စုစုပေါင်း ကျောင်းသားဦးရေ ၁၀၀ ခန့် တက်ရောက်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *