၆.၅.၂၀၂၄
Written By Thandar

ပရိသတ်ကို ဂီတနဲ့ပတ်သက်ရင် ထူးခြားမှုရသတွေ အမြဲတမ်းပေးစွမ်းလေ့ရှိတဲ့ တေးသံရှင် နီနီခင်ဇော်ကတော့ သူမဘဝရဲ့ Record အနေနဲ့ 360 Degree Concerts ဖျော်ဖြေပွဲ ကျင်းသွားမယ်လို့ဆိုပါတယ်။

“လာမယ့် ရက်ပိုင်းမှာ 360 Degree Concerts ပွဲလုပ်ဖို့ စီစဥ်နေပါတယ်။ 360 Degree Concerts ဆိုတဲ့ အတိုင်းပဲ။ 360 ဒီဂရီလှည့်ပြီး ဖျော်ဖြေပေးဖို့ စင်ကိုလည်းတည်ဆောက်ထားတယ်။ Music Arrangement ကိုလည်း Classic ပုံစံမျိုး ဖန်တီးထားပါတယ်။ နီနီ့ဘဝရဲ့ မှတ်တိုင်တစ်ခုအနေနဲ့ ဖျော်ဖြေဖို့ ကြိုးစားနေပါတယ်။ လာကြည့်နိုင်ဖို့ လူဦးရေကတော့ နည်းမယ်။ နီနီ တစ်ပိုင်တစ်နိုင်လေး သေသေချာချာ လုပ်ထားတယ်။ နီနီ့ဘဝ Record အနေနဲ့ သေချာပြင်ဆင်ထားပါတယ်။ ပုံမှန် ဖျော်ဖြေပွဲဆိုရင် မနီတို့ က, ကြတယ်။ ဆိုကြတယ် Facial Contest လေးနဲ့ ဖျော်ဖြေပေးဖို့ စဥ်းစားထားပါတယ်”လို့ တေးသံရှင် နီနီခင်ဇော်က ပြောပါတယ်။

သူမကတော့ မေလ ၂၃ ရက်မှာ အဆိုပါ ဖျော်ဖြေပွဲအတွက် လက်ရှိအချိန် သီချင်းတွေကို ပြန်လည် လေ့ကျင့်သီဆိုနေပြီးတော့ ပရိသတ်တောင်းဆိုတဲ့ တေးသီချင်းတွေကိုလည်း သီဆိုပေးသွားမယ်လို့ ဆိုပါတယ်။ နီနီခင်ဇော်က ကိုယ့်ဘဝပိုမိုလှပဖို့အတွက်လည်း ဝိတ်တွေပြန်ချနေတယ်လို့ ဆိုပါတယ်။ REDvolution Show ပွဲကို လွမ်းနေတဲ့ ပရိသတ်တွေအတွက် တစ်မျိုးဆန်းသစ်တဲ့ Music Arrangement ဖျော်ဖြေတင်ဆက်သွားမှာဖြစ်ပါတယ်။

“ပရိသတ်ကို ကိုယ့်ရဲ့ အကြောင်းလေးတွေ ပြောပြတယ်။ ဆွေးနွေးကြမယ်။ ဒီသီချင်းတွေ နောက်ကွယ်မှာ ဖြစ်တည်လာမှုတွေကို ပြောပြမယ်။ နီနီ့ဘဝဖြတ်သန်းမှု အတွေ့အကြုံတွေကိုလည်း ပရိသတ်ကို ပြောပြချင်တာပေါ့နော်။ ဒီပွဲအချိန် အများကြီးပေးထားတာ မဟုတ်ပါဘူး။ ပုံမှန်ဖျော်ဖြေနေကြ သီချင်းတွေထက် Classic ပုံစံမျိုးဆိုတော့ ထူးခြားပါလိမ့်မယ်။ အရောင်လေးတွေလည်း ညှိပြီး ဝတ်ဆင်ကြမှာပါ”လို့ သူမက ဆက်ပြောပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *