◼️ နာဇီတို့ သတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့သည့် ဂျုးအဖိုးအို ဟားမားစ်တို့၏တိုက်ခိုက်မှုအတွင်း ဓားစာခံအဖြစ် ဆက်လက်ဖမ်းဆီးခံထားရ

၆.၅.၂၀၂၄
Translated by Htwe Ko Tun

ဂျာမန်နာဇီအစိုးရနှင့် ၎င်း၏မဟာမိတ်များလက်ချက်ဖြင့် ဒုတိယကမ္ဘာစစ်ကြီးဖြစ်ပွားသည့်အချိန် အပါအဝင် ၁၉၃၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်ကာလအတွင်း ဂျုးလူမျိုးခြောက်သန်းခန့် အသတ်ခံခဲ့ရခြင်းကို အမှတ်တရအောက်မေ့သောအားဖြင့် မေလ ၆ ရက်ကို “အစ္စရေးနိုင်ငံသားတို့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် အမှတ်တရနေ့အဖြစ်” အစ္စရေးနိုင်ငံတွင် သတ်မှတ်ကျင်းပခဲ့ကြကြောင်း သိရသည်။

မေလ ၆ ရက် နံနက်တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုအတွက် အမှတ်တရနေ့အဖြစ် နှစ်မိနစ်ကြာ ဥဩဆွဲအချက်ပေးမှု အစ္စရေးနိုင်ငံတစ်ဝန်းထွက်ပေါ်လာမှုနှင့်အတူ အစ္စရေးနိုင်ငံသားတို့ကလည်း မိမိတို့ရောက်ရှိရာနေရာများ၌ ငြိမ်သက်စွာနေကြကာ အလေးပြုခဲ့ကြသည်။ မော်တော်ယာဉ် များက လည်း ရောက်ရှိသည့်နေရာများ၌ရပ်ကာ အစုလိုက်အပြုံလိုက်အသတ်ခံခဲ့ကြရသော ဂျူးလူမျိုးတို့ အား အမှတ်တရအလေးပြုခဲ့ကြသည်။

မေလ ၆ ရက်၌ နိုင်ငံတစ်ဝန်းတွင် ပျော်ပွဲရွှင်ပွဲများ ပိတ်ထားကြကာ အမှတ်တရအခမ်းအနားများကို ကျင်းပကြသည်။ဗဟိုအခမ်းအနားကို ဂျေရုဆလင်မြို့ရှိ ကမ္ဘာ့အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု အမှတ်တရစင်တာဖြစ်သော Yad Vashem တွင် မေလ ၆ ရက်၏ နံနက်နှင့် ညနေခင်းတို့၌ ကျင်းပကြမည်ဖြစ်သည်။

Yad Vashem တွင် မေလ ၅ ရက်ည၌ ထွန်းညှိထားသော မီးရှုးတိုင်ခြောက်ခု၏ အခြေတွင် အသတ်ခံခဲ့ရသူများ၏ မိသားစုများမှ အသက်ရှင်ကျန်ရစ်သူအုပ်စုများနှင့် အဖွဲ့အစည်းများက ပန်းခွေပန်းကုံးများ လာရောက်ချထားခဲ့ကြသည်။

ဂျုးလူမျိုးခြောက်သန်းခန့်မှာ ဂျာမန်နာဇီအစိုးရနှင့် ၎င်း၏မဟာမိတ်များလက်ချက်ဖြင့် ၁၉၃၃ ခုနှစ်မှ ၁၉၄၅ ခုနှစ်ကာလအတွင်း သေဆုံးခဲ့ကြသည်။ နာဇီတို့ပစ်မှတ်ထားခဲ့သော အုပ်စုများမှ သန်းနှင့်ချီသော ဂျုးလူမျိုးများမှာ ဥရောပတိုက်၊ မြောက်အာဖရိကတိုက်နှင့် အရှေ့အလယ်ပိုင်းဒေသတို့တွင် နာဇီတို့၏သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။

၁၉၄၁ ခုနှစ်တွင် ဘက်ဂဒက်မြို့၌ နာဇီတို့၏ဖိနှိပ်သတ်ဖြတ်မှုမှလွတ်မြောက်၍ အသက်ရှင်ကျန်ရစ်ခဲ့သော အစ္စရေးနိုင်ငံ၊ကစ်ဘုဇ်မြို့နေ အသက် ၈၆ နှစ်ရှိ ဂျူးအဖိုးအို ဆလိုမို မန်ဆို မှာလည်း ဟားမားစ်တို့ ၏ အောက်တိုဘာလ ၇ ရက်က  ဖမ်းဆီး ပြန်ပေးဆွဲမှုကိုခံခဲ့ရကာ ဂါဇာ၌ မလွတ်မြောက်ဘဲ ကျန်ရှိနေသေးသော  အစ္စရေးနိုင်ငံသား ဓါးစာခံ ၁၃၃ ဦးတွင် ပါ ဝင်နေကြောင်း သိရသည်။

Ref – Jerusalem Post

Leave a Reply

Your email address will not be published. Required fields are marked *