MT News
၆. ၅. ၂၀၂၄

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဒိုင်ကော်မတီ ဒိုင်ဌာနတို့ ပူးပေါင်း ဖွင့်လှစ်မည့် MFF Basic Referee Course 2/2024 ကို မေ ၂၄ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။

MFF Basic Referee Course 2/2024 သင်တန်းတက်ရန်အတွက် အရည်အချင်းသတ်မှတ်ချက်များအဖြစ် အသက် (၁၈)နှစ်ထက်မငယ်ဘဲ (၃၀)နှစ်ထက်မကြီးရန်၊အနည်းဆုံးအခြေခံပညာအထက်တန်းအဆင့်ရှိသူ ဖြစ်ရန်၊ ကျန်းမာကြံ့ခိုင်၍ ပြေးလွှားလှုပ်ရှားနိုင်သူဖြစ်ရန်၊မျက်မှန်တပ်ဆင်သူမဖြစ်ရန်နှင့် သင်တန်းကာလပြီးဆုံးသည်အထိ မပျက်မကွက် တက်ရောက်နိုင်သူဖြစ်ရန်လိုအပ်မည်ဖြစ်ပြီး သင်တန်းသားဦးရေကို အမျိုးသား၊ အမျိုးသမီး (၃၀) ဦး ခေါ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းကာလမှာ မေလ ၇ ရက်မှ မေလ ၃၀ ရက်အထိဖြစ်ပြီး သတ်မှတ်စည်းကမ်းများနှင့် ကိုက်ညီသူများ အနေဖြင့် မေလ ၆ ရက် (ယနေ့)မှ စတင်၍ မေလ ၂၀ ရက် ရုံးချိန်အတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဒိုင်ကော်မတီ ဒိုင်ဌာန (ဖုန်း – ၀၉ ၄၀၂၃၀၂၆၄၀) သို့ ဆက်သွယ်စုံစမ်း လျှောက်လွှာတင်သွင်းနိုင်မည်ဖြစ်သည်။

သင်တန်းလျှောက်လွှာ Download ရရယူရန် Link

https://www.mediafire.com/file/jeucqayx9mhrrt4/MFF+Basic+Referee+Course+2-2024.pdf/file

Leave a Reply

Your email address will not be published. Required fields are marked *